ဇူလိုင် ၁၉ အာဇာနည်နေ့တွင် ရွှေတိဂုံဘုရား ပိတ်ထားမည်

လာမယ့် ဇူလိုင် ၁၉ ရက်နေ့မှာ ကျရောက်မယ့် အာဇာနည်နေ့မှာ ရွှေတိဂုံဘုရားကို ညနေ ၃ နာရီအထိ ခေတ္တပိတ်ထားမှာဖြစ်တယ်လို့ ရွှေတိဂုံစေတီတော် ဘဏ္ဍာတော်ထိန်း ဂေါပကအဖွဲ့က ကြေညာထားပါတယ်။

ဗိုလ်ချုပ်အောင်ဆန်းအပါအဝင် မြန်မာ့နိုင်ငံရေးမှာ အရေးပါတဲ့ ခေါင်းဆောင်ကြီး ၈ ယောက်နဲ့ ကိုယ်ရံတော် ၁ ယောက် လုပ်ကြံခံခဲ့ရပြီး ကျဆုံးတဲ့နေ့ကို နိုင်ငံတော်အဆင့် အောက်မေ့ဖွယ်အထိမ်းအမှတ် အာဇာနည်နေ့အဖြစ် သတ်မှတ်ပြီး ကျင်းပလာခဲ့တာဟာ အခုနှစ်မှာ ၇၄ နှစ်မြောက် ရှိလာခဲ့ပြီ ဖြစ်ပါတယ်။

အဲဒီနေ့မှာတော့ အစိုးရရုံးတွေ၊ ဈေးဆိုင်တွေကို  ပိတ်ပြီး မြန်မာနိုင်ငံရဲ့ နိုင်ငံတော်အလံကို တိုင်တဝက်လွှင့်ထူထားကြလေ့ရှိပြီး အာဇာနည်နေ့အခမ်းအနားကိုတော့ ရန်ကုန်မြို့၊ ရွှေတိဂုံစေတီတော်ခြေရင်းက အာဇာနည်ဗိမာန်မှာ နှစ်စဉ်ကျင်းပလေ့ရှိတာပါ။

ပြီးခဲ့တဲ့နှစ်က ၇၃ နှစ်မြောက်အာဇာနည်နေ့ အခမ်းအနားကိုတော့ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ အာဇာနည်ခေါင်းဆောင်ကြီးတွေရဲ့ မိသားစုဝင်တွေ တက်ရောက်ခဲ့ကြပြီး လွမ်းသူပန်းခွေချ ဂါရဝပြုခဲ့ကြပါတယ်။ 

အခုနှစ်မှာတော့ စစ်တပ်ကအာဏာသိမ်းထားပြီး  နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်အပါအဝင် နိုင်ငံ့ခေါင်းဆောင်တွေကို အမှုဖွင့်ဖမ်းဆီးထိန်းသိမ်းထားခဲ့တာမို့  ဒေါ်အောင်ဆန်းစုကြည်ကို တက်ရောက်ခွင့် ပြုမယ်မပြုမယ် မသေချာသေးပါဘူး။

ဒါ့အပြင် အကြမ်းဖက် စစ်ကောင်စီဟာ ပြီးခဲ့တဲ့ ဇွန်လဆန်းတုန်းကလည်း ကရင်ပြည်နယ် ဘားအံ၊ မြဝတီ၊ ကြာအင်းဆိပ်ကြီးနဲ့ ကော့ကရိတ်မြို့တွေက အမျိုးသား ဒီမို ကရေစီအဖွဲ့ချုပ်ပါတီ(NLD)အစိုးရက တည်ဆောက်ခဲ့တဲ့ အာဇာနည်ဗိမာန်တွေကို တပြိုင်တည်း ဖြိုဖျက်ခဲ့ပါသေးတယ်။
Photo Credit- Shwedagon Pagoda Page

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up