Wednesday, May 31, 2023
HomeLead Storyအီရန်အစိုးရက အမေရိကန်နှင့် အကျဉ်းသား ဖလှယ်ရေး ဆွေးနွေးနေ

အီရန်အစိုးရက အမေရိကန်နှင့် အကျဉ်းသား ဖလှယ်ရေး ဆွေးနွေးနေ

အမေရိကန်ရဲ့ဒဏ်ခတ်မှုကို ချိုးဖောက်တဲ့အတွက် အမေရိကန်နဲ့ တခြားနိုင်ငံတွေမှာ အဖမ်းခံ ထားရတဲ့ အီရန်နိုင်ငံသားတွေ ပြန်လွတ်ရေး ရည်မှန်းပြီး အီရန်အစိုးရဟာ အမေရိကန်နဲ့ အကျဉ်းသား ဖလှယ်ရေး ဆွေးနွေးနေတယ်လို့ အီရန် အစိုးရက ဇူလိုင် ၁၃ရက်မှာ ပြောပါတယ်။

တကယ်လို့ အီရန်ထောင်သားတွေ ပြန်လွတ်လာမယ်ဆိုရင်၊ အီရန်ရဲ့ အကျိုးစီးပွားကို ကာကွယ်နိုင်မယ်ဆိုရင် ပြီးတော့ ဆွေးနွေးပွဲတွေ ပြီးပြတ်မယ်ဆိုရင် သတင်းအချက်အလက်တွေ ပိုထုတ်ပြန်ပေးမယ်လို့ အီရန် အစိုးရ ပြောခွင့်ရ အလီ ရာဘီအေးက ပြောပါတယ်။

အမေရိကန်ရဲ့ မေတ္တာရပ်ခံချက်အရ ကမ္ဘာတဝန်းမှာ ဖမ်းထားတဲ့ အီရန် အကျဉ်းသားအားလုံးကို ပြန်လွှတ်ရေး အပြန်အလှန် အနေနဲ့ အမေရိကန် နိုင်ငံရေး အကျဉ်းသား အားလုံးနဲ့ အလဲအလှယ်လုပ်ဖို့ အီရန်အစိုးရက အဆင်သင့်ပဲလို့ သူက အစိုးရ ဝက်ဆိုဒ်ပေါ်ကနေ ဆောင်ရွက်တဲ့ သတင်းစာ ရှင်းလင်းပွဲမှာ ပြောပါတယ်။

သူ့စကားကို အမေရိကန် အစိုးရက မှတ်ချက် ချက်ချင်း မပေးသေးပါဘူး။ အီရန်ဟာ တခြားနိုင်ငံတွေဆီက လိုက်လျောမှုကို ရဖို့ ကြိုးစားတဲ့အနေနဲ့ အီရန်နဲ့ အမေရိကန်နိုင်ငံသား ၂မျိုး ခံယူထားသူတွေကို ဖမ်းထားတယ်လို့ လူ့အခွင့်အရေး တက်ကြွလှုပ်ရှားသူတွေက စွပ်စွဲထားပြီး အီရန်ကတော့ စွဲချက်ကို ပယ်ချ ထားပါတယ်။

တခြားနိုင်ငံတွေမှာ အမေရိကန် ဒဏ်ခတ်မှုအရ ထိန်းသိမ်းခံထားရတဲ့ အီရန် ရေနံရောင်းရငွေ အမေရိကန်ဒေါ်လာ ၇ ဘီလီယံကို ပြန်ရဖို့ အပြန်အလှန်အနေနဲ့ အကျဉ်းသား ဖလှယ်ရေး သဘောတူညီချက်ကို ရခဲ့ပြီလို့ အီရန် အစိုးရ ရုပ်သံက မေလတုန်းက ထုတ်လွှင့်ခဲ့ဖူးပေမဲ့ အမေရိကန် အစိုးရကတော့ ဒီသတင်းကို ငြင်းခဲ့ပါတယ်။

RELATED ARTICLES
- Advertisment -
Google search engine

Most Popular