Wednesday, June 7, 2023
HomeLead Storyစပါးအသင်းကို ဟာရီကိန်း မစွန့်ခွာလျှင် အံ့အားသင့်စရာဖြစ်မည်ဟု ရှာရင်ဂမ် သုံးသပ်

စပါးအသင်းကို ဟာရီကိန်း မစွန့်ခွာလျှင် အံ့အားသင့်စရာဖြစ်မည်ဟု ရှာရင်ဂမ် သုံးသပ်

တိုက်စစ်မှူး ဟာရီကိန်းအနေနဲ့ လာမယ့်ရာသီမှာ စပါးအသင်းကို မစွန့်ခွာနိုင်ပါက အံ့အားသင့်စရာ ဖြစ်လိမ့်မယ်လို့ အင်္ဂလန်ကစားသမားဟောင်း တက်ဒီရှာရင်ဂမ်က ပြောပါတယ်။ 

အင်္ဂလန်အသင်းခေါင်းဆောင် ဟာရီကိန်းဟာ စပါးအသင်းမှာ ဆုဖလားတစ်လုံးက ရယူနိုင်ခြင်းမရှိသေးဘဲ အမြင့်မားဆုံးအောင်မြင်မှုအနေနဲ့ ချန်ပီယံလိဂ်ဗိုလ်လုပွဲတက် ရောက်နိုင်ခဲ့တာပဲ ရှိဖူးတာလို့ ဆိုပါတယ်။

“ဟာရီကိန်းအနေနဲ့ သူ ပြောခဲ့တဲ့အတိုင်း စပါးကနေ မထွက်ခွာဘူးဆိုရင် အလွန်အံ့အားသင့်စရာ ဖြစ်ပါလိမ့်မယ်။ ပိုင်ရှင်လီဗိုင်းနဲ့ သူ ဘာမှဆွေးနွေးတာ မရှိဘူးဆိုရင်တော့ အလွန်အံ့အားသင့်စရာပါ။ တကယ်လို့ အသင်းပြောင်းမယ်ဆိုရင်တော့ မန်စီးတီးက အလေးသာပါတယ်။ ကီဗင်ဒီဘရိုင်းနဲ့ တွဲဖက်ကစားချင်တဲ့အကြောင်း သူပြောခဲ့ဖူးပြီး နောက်ထပ် ၄-၅နှစ် အထိ အောင်မြင်မှုတွေ ရယူနိုင်တာကြောင့်ဖြစ်ပါတယ်” လို့ စပါးကစားသမားဟောင်း တက်ဒီရှာရင်ဂမ်က သုံးသပ်ခဲ့တာပါ။ 

ဟာရီကိန်းကို မန်စီးတီးက ပေါင်သန်း ၁၀၀ နဲ့ ခေါ်ယူလိုနေပြီး စပါးအသင်းဥက္ကဋ္ဌလီဗိုင်းက သန်း ၁၅၀ စျေးနှုန်းသတ်မှတ်ထားတယ်လို့ သိရပါတယ်။

RELATED ARTICLES
- Advertisment -
Google search engine

Most Popular