Home
မြန်မာသတင်း
မိတ္ထီလာခရိုင်၌ ကလေးအထူးကုဆရာဝန်ကြီးနှင့် ဝန်ထမ်းအချို့ ကိုဗစ်-၁၉ ကူးစက်ခံရ
DVB
·
July 13, 2021

မန္တလေးတိုင်း၊ သာစည်၊ မိတ္ထီလာ၊ မလှိုင်၊ ဝမ်းတွင်း ၄ မြို့နယ်မှာ ဇူလိုင် ၁၂ ရက်နေ့က ဌာနဆိုင်ရာဝန်ထမ်းတချို့နဲ့ ကလေးအထူးကုဆရာဝန်ကြီး တစ်ယောက်  ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံထားရပါတယ်။

“တခရိုင်လုံးမှာ ထွေအုပ်ဝန်ထမ်း ၃ ဦး၊ လ.ဝ.က ဝန်ထမ်း ၂ ဦး၊ မြေစာရင်းဝန်ထမ်း ၁ ဦး၊ ရဲတပ်ဖွဲ့ဝင် ၄ ဦး ကိုဗစ်-၁၉ ဖြစ်သွားတယ်။ ကလေးအထူးကုဆရာဝန်ကြီးတဦးလည်း ကိုဗစ်-၁၉ ဖြစ်သွားတယ်လို့ သိရတယ်။ စားသောက်ကုန်နဲ့ ဆေးဆိုင်ကလွဲရင် တခြားဈေးဆိုင်တွေ ပိတ်ထားရတယ်။”လို့  မြို့ခံတစ်ဦးကပြောပါတယ်။

သာစည်မြို့နယ်က ကိုဗစ်-၁၉ အတည်ပြုလူနာ အယောက် ၁၄၀ ရှိတဲ့အနက် ၄၇ ဦး ရောဂါပျောက်ကင်းသွားပြီး သေဆုံးသူ ၄ ဦး ရှိကာ ဆေးကုသမှုခံယူနေသူ ၈၉ ဦး ရှိနေပါတယ်။

ဝမ်းတွင်းမြို့နယ်မှာ ကိုဗစ်-၁၉ အတည်ပြုလူနာ ၁၂၄ ဦးရှိတဲ့အနက် ၄ ဦး ပျောက်ကင်းပြီး ၂ ဦး သေဆုံးကာ ဆေးကုသမှုခံယူနေသူ ၁၁၈ ဦးရှိနေပါတယ်။

မလှိုင်မြို့နယ်မှာ ကိုဗစ်-၁၉ အတည်ပြုလူနာ ၅၂ ဦးရှိတဲ့အနက် ၂ ဦး ပျောက်ကင်းပြီး ၁ ဦး သေဆုံးခဲ့သဖြင့် ၄၉ ဦး ဆေးကုသမှု ခံယူနေပါတယ်။

မိတ္ထီလာမြို့နယ်မှာ အတည်ပြုလူနာ ၁၁၀ ဦးအနက် မိတ္ထီလာဆေးရုံကို တခြားမြို့နယ်က လာရောက်ဆေးကုသတဲ့ ကိုဗစ်-၁၉ လူနာ ၅ ဦး သေဆုံးခဲ့ပြီး ပျောက်ကင်းသူ ၄ ဦးရှိကာ ဆေးကုသမှုခံယူနေသူ ၁၀၁ ဦး ရှိနေပါတယ်။

မိတ္ထီလာခရိုင်မှာ ကိုဗစ်-၁၉ အတည်ပြုလူနာ ၄၂၀ ခန့်ရှိကာ ပျောက်ကင်းသူ ၆၄ ယောက် ရှိနေပြီး သေဆုံးသူ ၁၂ ဦး ရှိပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024