မန်ချက်စတာယူနိုက်တက်အသင်းက ခေါ်ယူဖို့ သဘောတူညီမှုရရှိထားတဲ့ ဂျေဒန်ဆန်ချိုဟာ ဇူလိုင် ၁၃ ရက်နေ့ အသင်းနဲ့ ဆေးစစ်မှုခံယူပြီး စာချုပ်ချုပ်ဆိုတော့မယ်လို့ သိရပါတယ်။
ယူနိုက်တက်အသင်းဟာ ဆန်ချိုအတွက် ဒေါ့မွန်အသင်းကို ပေါင် ၇၃ သန်းပေးချေခဲ့ရပြီး နှစ်ရှည်စာချုပ်ချုပ်ဆိုသွားမှာပါ။
ဆန်ချိုဟာ အင်္ဂလန်လက်ရွေးစင်အသင်းနဲ့အတူ ယူရိုဗိုလ်လုပွဲ တက်ရောက်ခဲ့ပေမယ့် ပင်နယ်တီ အဆုံးအဖြတ်မှာလွဲချော်ခဲ့ပြီး ဝေဖန်မှုတချို့နဲ့ ရင်ဆိုင်ခဲ့ရပါတယ်။
ဗိုလ်လုပွဲအပြီး အားလပ်ရက်ခရီး မထွက်ခွာခင်မှာ ယူနိုက်တက်အသင်းနဲ့ တရားဝင်စာချုပ်ချုပ်ဆိုမယ်လို့ သိရပါတယ်။
အသက် ၂၁ နှစ်ရှိ တောင်ပံတိုက်စစ်ကစားသမား ဆန်ချိုဟာ ၂၀၁၇ ခုနှစ်က မန်စီးတီး လူငယ်အသင်းကနေ ဒေါ့မွန်အသင်းဆီပြောင်းရွှေ့ခဲ့ပြီး အသင်းနဲ့ ၄ နှစ်ကြာကာလအတွင်း စုစုပေါင်း ၁၅၇ ပွဲမှာ ၅၅ ဂိုးသွင်းယူပေးခဲ့ပါတယ်။