အမျိုးသားစာပေဆုပေးပွဲ ကျင်းပ (ဓာတ်ပုံ)
DVB
·
December 3, 2013
အမျိုးသားစာပေ တသက်တာစာပေဆု၊ အမျိုးသားစာပေဆုနဲ့ စာပေဗိမာန် စာမူဆု ပေးအပ်ပွဲကို ဒီဇင်ဘာ ၃ ရက်နေ့ နံနက် ၉ နာရီက အမျိုးသားကဇာတ်ရုံမှာ ကျင်းပရာ ဒုတိယသမ္မတ ဦးညဏ်ထွန်း တက်ရောက်ပြီး တသက်တာစာပေဆုရ ဆရာကြီးနဲ့ ဆရာမကြီးတွေကို ဆုပေးအပ်ခဲ့ပါတယ်။
၂၀၁၂ ခုနှစ်အတွက် အမျိုးသားစာပေ တသက်တာဆုအဖြစ် စာရေးဆရာမကြီး ဒေါ်ခင်ဆွေဦး (ခင်ဆွေဦး)၊ ဆရာကြီး ဦးအောင်သင်း (အောင်သင်း)၊ ဆရာကြီး ဦးတင်မောင် (သိပ္ပံမှူးတင်) တို့ကို ပေးအပ်ခဲ့ပါတယ်။ Read more