ကသာမြို့ တွင် ဗုံး ၂ လုံး ပေါက်ကွဲ
DVB
·
July 13, 2021
စစ်ကိုင်းတိုင်း၊ ကသာမြို့မှာ ဇူလိုင် ၁၂ ရက်နေ့ ည ၇ နာရီလောက်က မြို့နယ်ကြံ့ခိုင်ရေးရုံးနဲ့ ရပ်ကွက်ဥက္ကဋ္ဌရဲ့ နေအိမ်တွေမှာ ဗုံး ၂ လုံး ကွဲခဲ့တယ်လို့ ဒေသခံတဦးက ပြောပါတယ်။
“အခုဗုံးပေါက်တာ ကြံ့ခိုင်ရေးရုံး နဲ့ ရပ်ကွက်ရဥက္ကဋ္ဌ ဦးမောင်မောင်နေအိမ် ဗုံးပေါက်ကွဲတာ၊ ထိခိုက်တာတွေ မရှိဘူး။ စစ်သားတွေ မြို့ထဲ သေနတ်တွေနဲ့ ပစ်တယ်၊ လူနေအိမ်တွေ ကျည်ဆန်မှန်တာတွေ ရှိတယ်။”
ဒါ့အပြင် တချို့သတင်းတွေမှာ ရေးထားသလို မြို့မရဲစခန်းကို PDF က ဝင်တိုက်တာမဟုတ် ဘူးလို့ ဆိုပါတယ်။