သမ္မတနှင့် အစိုးရအဖွဲ့ နုတ်ထွက်ရန် ယူကရိန်းပြည်သူများ ဆက်လက်ဆန္ဒပြ

Photo by Reuters
ယူကရိန်းသမ္မတက အီးယူနဲ့ မပူးပေါင်းတော့ပဲ နောက်ပြန်လှည့်ခဲ့တာကြောင့် အီးယူနဲ့ ပူးပေါင်းလိုတဲ့ ယူကရိန်းပြည်သူတွေဟာ သမ္မတနဲ့ အစိုးရအဖွဲ့ကို ထွက်ပေးဖို့ ဒီနေ့မနက် ဆက်လက် တောင်းဆိုနေကြပါတယ်။ [caption id="attachment_47459" align="alignleft" width="300"]Photo by Reuters Photo by Reuters[/caption] ပါလီမန်ကို ဖျက်သိမ်းဖို့၊ သမ္မတနဲ့ အစိုးရအဖွဲ့တဖွဲ့လုံး နုတ်ထွက်ဖို့ ယူကရိန်းပြည်သူ ၃ သိန်းခွဲဟာ ကိယက်မြို့လယ် လွတ်လပ်ရေးရင်ပြင်မှာ ဆန္ဒပြခဲ့ကြပြီး ညပိုင်းမှာ ယာယီတဲလေးတွေ ထိုးပြီး ဆက်လက် ဆန္ဒပြတောင်းဆိုခဲ့ကြပါတယ်။ “ကျနော်တို့က ဒီမှာ နေရာယူထားတဲ့အတွက် အာဏာပိုင်တွေဟာ မနေ့ညကလို ၀င်ရောက် ဖြိုခွဲဖို့ အခွင့်အရေး မရတော့ပါဘူး။ ကျနော်တို့ အကျိုးအတွက် အားလုံး လာရောက် ပူးပေါင်း ကြတာပါ” လို့ ဆန္ဒပြသူတဦးဖြစ်တဲ့ ဘိုဒမ်က ဆိုပါတယ်။ ပြီးခဲ့တဲ့ ဒီဇင်ဘာ ၁ ရက်နေ့က ဆန္ဒပြပွဲတွေဟာ ၁၉၉၁ ရုရှားနိုင်ငံကနေ ခွဲထွက်ဖို့ လူထုသဘောထား ကောက်ခံခဲ့တဲ့ နှစ်ပတ်လည်နေ့နဲ့လည်း တိုက်ဆိုင်ခဲ့ပါတယ်။ အခု ကိယက်မြို့တော်မှာ ဖြစ်ပွားနေတဲ့ လူထုဆန္ဒပြပွဲတွေဟာ လွန်ခဲ့တဲ့ ၉ နှစ် လိမ္မော်ရောင်တော်လှန်ရေး နောက်ပိုင်း အကြီးဆုံးဆန္ဒပြပွဲတွေဖြစ်ပြီး အဲဒီတော်လှန်ရေးကို ပြန်လည်အမှတ်ရစေတယ်လို့ ဆိုပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up