ပုသိမ်မြို့နယ် စိုက်ပျိုးရေးဦးစီးမှူး ကိုဗစ်ရောဂါဖြင့် သေဆုံး

ဧရာဝတီတိုင်း၊ ပုသိမ်မြို့မှာ ဇူလိုင်လ ၁၀ ရက်နေ့ မနက်ပိုင်းက မြို့နယ်စိုက်ပျိုးရေးဦးစီးမှူး ဦးကျော်သူရ ကိုဗစ်ရောဂါကူးစက်ခံရပြီး သေဆုံးခဲ့တယ်လို့ သိရပါတယ်။

မြို့နယ်စိုက်ပျိုးရေးဦးစီးမှူး ဦးကျော်သူရဟာ ဒီကနေ့ မနက် ၄ နာရီ လောက်မှာ ဆေးကုသမှုခံယူနေစဥ် အသက်ရှူကြပ်ကြီးသေဆုံးခဲ့တာလို့ သူ့နဲ့နီးစပ်သူတွေက ပြောပါတယ်။

"အသက်ကတော့ အဲ့လောက်မကြီးသေးဘူး ဒါပေမယ့် ရောဂါအခံရှိတာကြောင့် ထင်ပါတယ်။ ဒီနေ့မနက်ပိုင်း ဆုံးတယ်လို့ သတင်းကြားရတယ် စိတ်မကောင်းဘူး၊ ဒီရောဂါကြီး အမြန်ပြီးဆုံးစေချင်ပြီ'' လို့ ပြောပါတယ်။

ပုသိမ်မြို့မှာ ဒီနေ့ မနက်ပိုင်းမှာတင် ကိုဗစ်ကြောင့် သေဆုံးသူ ၃ ဦးရှိပြီး ဒါဟာ စာရင်းမချုပ်ရသေးဘူးလို့ ဒေသခံပရဟိတအသင်းသား ၁ ဦးကပြောပါတယ်။

ပုသိမ်မြို့မှာ ဇူလိုင်လ ၁၀ ရက်နေ့ထိ သေဆုံးသူ ၄၀ ကျော်ထိရှိလာပြီး ကိုဗစ်အတည်ပြုလူနာ နေ့စဥ် ရာနဲချီတွေ့ရှိနေတာကြောင့် Stay at Home အမိန့်ထုတ်ပြန်ပြီး စျေးတွေနဲ့ စာသင်ကျောင်းတွေပါ ပိတ်ထားရတယ်လို့ သိရပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up