ဧရာဝတီတိုင်း၊ သာပေါင်းမြို့နယ်မှာ ဇူလိုင် ၉ ရက်က ရဲတပ်ဖွဲ့ဝင်တွေနဲ့ မိသားစုဝင်တွေကို ကိုဗစ်-၁၉ ကာကွယ်ရေးအတွက် ချင်း(ဂျင်း)ပြုတ်ရည်တိုက်ခဲ့တယ်လို့ သိရပါတယ်။
ချင်းပြုတ်ရည်တိုက်ချိန်မှာ လူဦးရေ ၁၀၀ ကျော်လောက်ကို ခွက် ၁ ခွက်တည်းနဲ့ တိုက်စေခဲ့ တာကြောင့် ဒေသတွင်းဝေဖန်မှုတွေလည်း ရှိနေပါတယ်။
ရဲတပ်ဖွဲ့ဝင်တွေကို ချင်း(ဂျင်း)ပြုတ်ရေတိုက်တာနဲ့ ပတ်သက်ပြီး တိုင်းရဲတပ်ဖွဲ့က ဒုရဲမှူးကြီးထွန်းရွှေက ကိုဗစ်ရောဂါကာကွယ်နိုင်ရေးအတွက် ဖြည့်စွက်စာအနေနဲ့ ဆောင်ရွက်ဖို့ ပေးထားတယ်လို့ ပြောပါတယ်။
ရဲတွေနဲ့ မိသားစုတွေ ခုလို ခွက် ၁ ခွက်တည်းနဲ့ ချင်းပြုတ်ရေသောက်တာဟာ ကိုဗစ်ရှိသူသာ ပါလာပါက ဒေသတွင်း ရောဂါပြန့်ပွားမှုနှုန်း ပိုမိုမြင့်တက်လာနိုင်တာကြောင့် ဒေသခံတွေက ပိုမို စိတ်ပူ နေကြပါတယ်။
သာပေါင်းမြို့နယ်မှာ ဇူလိုင်လဆန်းပိုင်းကစတင်ကာ ကိုဗစ်ရောဂါ ကူးစက်မှုမြင့်တက်ခဲ့လို့ Stay at Home ထုတ်ပြန်ကြေညာခဲ့ရသလို စျေးတွေနဲ့ စာသင်ကျောင်းတွေလည်း ပိတ်ထားရ ပါတယ်။