Live
Home
မြန်မာသတင်း
မူဆယ်မြို့မ ရဲစခန်း၌ အချုပ်သား ၁၁ ဦး ကိုဗစ် ပိုးတွေ့၊ ၁ ဦး သေဆုံး
DVB
·
July 9, 2021

မြန်မာ - တရုတ်နယ်စပ် မူဆယ်မြို့မ ရဲစခန်းက  အချုပ်သား ၁၁ ဦးဆီမှာ  ဇူလိုင်လ ၉ ရက်မနက်က ကိုဗစ် - ၁၉ ရောဂါပိုး စစ်ဆေးတွေ့ရှိတယ်လို့ မူဆယ် ကိုဗစ် - ၁၉ ရောဂါ ကာကွယ် ထိန်းချုပ်ကုသရေး ကော်မတီဝင်က ပြောပါတယ်။

အချုပ်ကျနေတဲ့ အမျိုးသမီး ၁၀ ဦး၊ အမျိုးသား ၁ ဦး စုစုပေါင်း ၁၁ ဦးမှာ ပိုးတွေ့ခဲ့တာဖြစ်ပြီး ဒီမနက် ၂ နာရီလောက်က  မူဆယ်ခရိုင် ပြည်သူ့ဆေးရုံသစ်ကြီးမှာ ကိုဗစ်-၁၉ ရောဂါ ကုသမှုခံယူနေသူ အသက် ၅၅ နှစ်အရွယ်ရှိ အမျိုးသမီးကြီး တစ်ဦး သေဆုံးသွားတယ်လို့ သူက ပြောပါတယ်။

ပိုးတွေ့သူတွေကတော့ မူဆယ်မြို့တွင်းထဲက အပါအဝင် မူဆယ် ၁၀၅ မိုင်၊ နမ့်ခမ်း၊ ရန်ကုန်မြို့၊ ရန်ကုန်တိုင်း သုံးခွမြို့နယ်နဲ့ မကွေးတိုင်း အထက်မင်းလှတို့က ဖြစ်ပြီး ဆေးမှု၊ လူကုန်ကူးမှုနဲ့ ရာဇသတ်ကြီးမှုတွေ ဖြစ်ကြပါတယ်။

မူဆယ် ၁၀၅ မိုင် ကုန်သွယ်ရေးဇုန်က ပိုးတွေ့လူနာ ၁၀ ယောက် ကျော် အပါအဝင် မူဆယ်မှာ ဇူလိုင်လ ၈ ရက်နေ့က ပိုးတွေ့လူနာ ၆၁ ဦး ထပ်တိုးပြီး မန္တလေး - မူဆယ် တွဲကား ယာဉ်မောင်း အပါအဝင် စည်ပင်ဝန်ထမ်း၊ ဘဏ်ဝန်ထမ်းတွေနဲ့ပြည်တွင်းခွန် ဝန်းထမ်းအိမ်ရာ ကလည်း ပါပါတယ်။

မူဆယ်မှာ ပိုးတွေ့ များလာတာကြောင့် မူဆယ်ပြည်သူ့ဆေးရုံနဲ့ မူဆယ်ခရိုင် ပြည်သူ့ဆေးရုံသစ်ကြီးတွေမှ လူနာပြည့်နေကာ တရုတ်ကျောင်း ကွာရန်တင်း စင်တာမှာပါ ထားရတယ်လို့ဆိုပါတယ်။

မူဆယ်ဈေးတွေကို ဇူလိုင် ၇ ရက်နေ့ကစ ယာယီပိတ်ထားလိုက်ပြီဖြစ်ပြီး တချို့ ရပ်ကွက်တွေ ကတော့ ကိုယ့် အစီအစဉ်နဲ့ကိုယ်  Lockdown ချထားပါတယ်။

လက်ရှိ မူဆယ်မှာ ပိုးတွေ့ လူနာ ၃၀၀ ကျော် ရှိပြီဖြစ်ပြီး ကိုဗစ် တတိယလှိုင်း ကာလမှာ ၃ ဦး သေဆုံးပြီ ဖြစ်ပါတယ်။ 

ရှမ်းပြည်နယ် မြောက်ပိုင်းမှာ ပိုးတွေ့ လူနာ ၃၀၀၀ ကျော် လာပြီဖြစ်ပြီး သေဆုံးသူ ၅၀ ကျော်အထိ ရှိလာပြီ ဖြစ်ပါတယ်။

Photo Crd# Muse COT

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024