စစ်ကိုင်းတိုင်း၊ ဟုမ္မလင်းမြို့အနီးမှာ ဇူလိုင် ၉ ရက် ဒီနေ့မနက်က အင်အား ရစ်(ခ်)တာစကေး ၄ ဒသမ၃ အဆင့်ရှိ အင်အားအနည်းငယ်ရှိတဲ့ မြေငလျင်တစ်ခု လှုပ်ခတ်သွားတယ်လို့ မိုးဇလဌာနက ထုတ်ပြန်ပါတယ်။
ဒီနေ့မနက် မြန်မာစံတော်ချိန် မနက် ၆ နာရီ ၅၆ မိနစ်၊ ၂၉ စက္ကန့် အချိန်မှာ တမူးမြေငလျင်စခန်းမှ အရှေ့မြောက်ဘက် မိုင် ၇၀ ခန့်ကွာဝေးတဲ့ မြန်မာနိုင်ငံပြည်တွင်း ဟုမ္မလင်းမြို့ရဲ့ အရှေ့တောင်ဘက် ၁၉ မိုင်ခန့်အကွာ ၊ မြောက်လတ္တီတွဒ် ၂၄ ဒသမ ၈၁ ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ် ၉၅ ဒသမ ၂၁ ဒီဂရီ၊ အနက် ကီလိုမီတာ ၈၀ ကို ဗဟိုပြုပြီး မြေငလျင်တစ်ခု လှုပ်ရှားသွားတာလို့ ဆိုပါတယ်။
မြေငလျင်ကြောင့် ထိခိုက်ပျက်စီးမှု အခြေအနေ သတင်းတွေကတော့ မရရှိသေးပါဘူး။
RFF- မိုးဇလ