ရုရှားစစ်တပ်က မော်စီတုံး၏ကဗျာကိုတီးခတ်သီဆိုပြီး တရုတ်နိုင်ငံကိုဂုဏ်ပြု

တရုတ်ကွန်မြူနစ်ပါတီ တည်ထောင်တဲ့ နှစ် ၁၀၀ ပြည့် နှစ်ပတ်လည်နေ့မှာ ရုရှားစစ်တပ်ဟာ  တရုတ်နိုင်ငံကို ချီးကျူးဂုဏ်ပြုတဲ့အနေနဲ့ ခေါင်းဆောင် မော်စီတုံးရဲ့ ခရီးရှည် ချီတက်ပွဲ ကဗျာကို မန်ဒရင်း တရုတ်ဘာသာနဲ့ တီးခတ် သီဆိုခဲ့ပါတယ်။

ဒီဖျော်ဖြေရေး ရုပ်သံကို ရုရှားကာကွယ်ရေး ဝန်ကြီးဌာနက ဇူလိုင် ၆ ရက်မှာ ဖြန့်ချိခဲ့တာပါ။ ဒီသီချင်းဟာ ၁၉၆၄ ခုနှစ်မှာ ဖျော်ဖြေခဲ့တဲ့ တရုတ်တော်လှန်ရေး သီချင်း အရှေ့ကအနီရဲ့ အစိတ်အပိုင်းလည်း ဖြစ်ပါတယ်။

သီချင်းထဲက တပုဒ်ကို ၁၉၃၅ ခုနှစ်မှာ ရေးစပ်ခဲ့ပြီး တပ်နီတော်ဟာ ခရီးရှည်ချီတက်ပွဲရဲ့ ဝဋ်ဆင်းရဲတွေကို ကြောက်နေမှာ မဟုတ်ဘူးလို့ စတင် သီကုံးထားပါတယ်။

More News
Up