Fast and the Furious ရုပ်ရှင်ဇာတ်ကားတွဲ သရုပ်ဆောင်မင်းသား ယာဉ်မတော်တဆမှုဖြင့် ကွယ်လွန်

Photo by Reuters
2.1K
Fast and the Furious ရုပ်ရှင်ဇာတ်ကားတွဲတွေနဲ့ နာမည်ကြီးလာတဲ့ အမေရိကန် ရုပ်ရှင်မင်းသား ပေါလ်ဝါကာ ဟာ နိုဝင်ဘာလ ၃၀ရက် စနေနေ့ ညနေပိုင်းက ကယ်လီဖိုးနီး ယားပြည်နယ် တောင်ပိုင်းမှာ ယာဉ်မတော်တဆမှု ဖြစ်ပြီး ကွယ်လွန်သွားခဲ့ပါတယ်။
[caption id="attachment_47375" align="alignleft" width="300"]
Photo by Reuters[/caption]
တရားမ၀င် ကားမောင်းပြိုင်ပွဲနဲ့ ကားခိုးတဲ့ ရုပ်ရှင်ဇာတ်ကား ၆ ကားမှာ ၅ ကားကို ပါဝင် သရုပ်ဆောင်ခဲ့ တဲ့ အသက် ၄၀ အရွယ် ရုပ်ရှင်မင်းသား Paul Walker ဟာ ရန်ပုံငွေပွဲ တခုကို သူ့ သူငယ်ချင်း မောင်းတဲ့ကားနဲ့အသွား လမ်းမှာ ကားဟာ ဓာတ်တိုင်ကို ၀င်တိုက်ပြီးနောက် သစ်ပင်တပင်ကို ၀င်တိုက်ခဲ့တာပါ။ နောက်ပိုင်းမှာ ကားတိုက်မှုအတွင်းမှာ Walker သေသွားခဲ့တယ်လို့ သူ့ရဲ့ ပြောရေးဆို ခွင့်ရှိသူက အတည်ပြုပါတယ်။
ဒေသစံတော်ချိန် ညနေ ၃ နာရီခွဲလောက်က ကယ်လီဖိုးနီးယားပြည်နယ် ဆန်တာ ခလယ်ရီတာမြို့ရဲ့ (ဗလန်းစီယာ) ရပ်ကွက် ဖြစ်ခဲ့တဲ့ ကားတိုက်မှုအတွင်းမှာ လူ ၂ ယောက် သေဆုံးသွားတယ်လို့ Los Angeles မြို့ ရဲဌာနရဲ့ ထုတ်ပြန် ချက်မှာရေးထားပါတယ်။
ရဲတွေရောက်လာချိန်မှာ ကားကို မီးလောင်လျှက် တွေ့ခဲ့ရပြီး ၂ ယောက် စလုံးဟာ နေရာမှာတင် သေဆုံးခဲ့တာလို့ ရဲထုတ်ပြန်ချက်ကဆိုပါတယ်။ ကားတိုက်မှုဖြစ်ပြီး နာရီတော်တော်ကြာအောင် ရဲတွေက စုံစမ်းစစ်ဆေးတာတွေ ဆက်လုပ် နေခဲ့ကြပါတယ်။
Paul Walker ဟာ ၁၉၇၃ ခုနှစ် စက်တင်ဘာလ ၁၂ ရက်နေ့မှာ ကယ်လီဖိုးနီးယားပြည်နယ် (ဂလန်းဒဲလ်) မြို့မှာမွေးဖွားခဲ့တာပါ။ ရုပ်ရှင် အနုပညာ လောကထဲကို သူ ၁၉၈၅ ခုနှစ်မှာ စတင်ဝင် ရောက်လာခဲ့ပြီး ၁၉၉၉ ခုနှစ်မှာ နာမည်စကြီးလာခဲ့တာပါ။ နောက်ထွက်လာမယ့် Fast and Furious ရုပ်ရှင် နံပတ် ၇ မှာလည်း သူ သရုပ်ဆောင်သွားခဲ့သေးတယ်။ သူ ကွယ်လွန်ချိန်မှာ ၁၅ နှစ်အရွယ် သမီးတယောက်ကျန်ခဲ့ပါတယ်။
