မွန်ပြည်နယ် ရေးမြို့နယ် အစင်ကျေးရွာ နယ်မြေ ၁၄ ရွာဟောင်းကုန်းရပ်ကွက်ရှိ ပျူစောထီးအဖွဲ့ဝင် ဦးသောင်းပိုနေအိမ်မှာ ဇူလိုင် ၆ ရက်နေ့ ည ၈ နာရီ ၁၀ မိနစ်လောက်က ဗုံး ၁ လုံး ပေါက်ကွဲမှု ဖြစ်ပွားခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဗုံးပေါက်ကွဲမှုကြောင့် အနည်းဆုံးလူ ၂ ဦး ထိခိုက်ဒဏ်ရာရရှိပြီး တစ်ဦးက ခြေထောက်မှာ ပြင်းထန်ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတဦးက ပြောပါတယ်။
ဒီတကြိမ်အပါအဝင် ရေးမြို့နယ်အတွင်း ဗုံးပေါက်ကွဲမှု ၁၇ အကြိမ်အထိ ဖြစ်ပွားခဲ့ပြီး စာသင်ကျောင်း၊ ပညာရေးမှူးရုံး၊ အုပ်ချုပ်ရေးမှူးရုံး၊ စစ်တပ်၊ ရဲစခန်း၊ လွှတ်တော်ကိုယ်စားလှယ်လောင်း နေအိမ်တွေပါ ဗုံးပေါက်ကွဲခံထားရကာ အနည်းဆုံး လူ ၇ ဦးလောက် ဒဏ်ရာရရှိထားပါတယ်။
ဗုံးဖောက်ခွဲမှုတွေကို ဘယ်အဖွဲ့က လုပ်တယ်ဆိုတာတော့ မသိရသေးပါဘူး။