ဗကသများအဖွဲ့ချုပ်ဦးဆောင်တဲ့ GSC သပိတ်စစ်ကြောင်းဟာ ဇူလိုင် ၇ရက်နေ့က ၅၉ နှစ်မြောက် ဆဗင်းဂျူလိုင်နေ့ထိမ်းအမှတ်အနေနဲ့ "ဆဲဗင်းဂျူလိုင်စိတ်ဓာတ်ကိုင်စွဲတိုက်ပွဲဝင်ကြ"၊ "စစ်အာဏာရှင်စနစ်ကိုရရာနည်းနဲ့ အမြစ်ပြတ်ချေမှုန်းကြ"၊ "ဖက်ဆစ်စစ်တပ် အမြစ်ဖြတ်" စသဖြင့် ကြွေးကြော် ဆန္ဒပြခဲ့ကြပါတယ်။
ဆဲဗင်းဂျူလိုင်ကျောင်းသားအရေးတော်ပုံဟာ ဗိုလ်နေဝင်းစစ်အစိုးရကို ပထမဆုံးဆန့်ကျင်ဆန္ဒပြခဲ့တဲ့ ကျောင်းသားလှုပ်ရှားမှုဖြစ်သလို မြန်မာ့သမိုင်းမှာ အရေးပါတဲ့ နေ့ရက်တခုလည်းဖြစ်ပါတယ်။
ဆဲဗင်းဂျူလိုင်အရေးတော်ပုံမှာ စစ်တပ်ကအကြမ်းဖက်ဖြိုခွင်းခဲ့သဖြင့် ကျောင်းသားရာနှင့်ချီကျဆုံးခဲ့ရပြီး နောက်တနေ့မနက်မှာ သမိုင်းဝင်တကသအဆောက်အဦလည်း ဖြိုဖျက်ခံခဲ့ရတာပါ။
Photo - MPA