ဧရာဝတီတိုင်းမြို့တော်၊ ပုသိမ်မြို့ရှိ စည်ပင်သာယာပိုင် စျေးတွေမှာ အစားအသောက်ကုန်နဲ့ ဆေးဆိုင်တွေကလွဲပြီး ကျန်ဆိုင်တွေအားလုံး ဇူလိုင် ၅ ရက်နေ့ စတင် ပိတ်သိမ်းဖို့ စစ်ကောင်စီ ကျန်းမာရေးဌာနက ညွှန်ကြားထားပါတယ်။
“ဒီနေ့ စပိတ်သိမ်းဖို့ စာထုတ်တယ် ကြားတယ်။ နောက်ကျနေပြီ။ ကိုဗစ်ပိုးတွေ့တာ များများလာနေပြီးလေ။ ပိုးတွေ့ကတည်းက ကျောင်းတွေ၊ စျေးတွေ ပိတ်ရမှာ ခေါင်းရွက်ဗျပ်ထိုးတွေ လူစုလူဝေးမဖြစ်အောင် ဆောင်ရွက်ရမှာ။ သူတို့ ရောဂါထိန်းချုပ်နိုင်ပုံ မရှိဘူး၊ အဓိက ပြည်သူအပေါ် စေတနာထားတာ မထားတာ ကွာသွားပြီ”လို့ ပုသိမ်မြို့ခံတစ်ဦးက ပြောပါတယ်။
အရင် အန်အယ်လ်ဒီ အစိုးရ လက်ထက် ကိုဗစ်-၁၉ ပိုး စတင်တွေ့ရှိချိန် လူစုလူဝေးမဖြစ်အောင် စီမံဆောင်ရွက်တာ၊ ပြည်သူ အသိပညာပေးချင်လုပ်ငန်းတွေ ကြိုတင်စီမံဆောင်ရွက်ခဲ့တယ်လို့ ပုသိမ်မြို့နေပြည်သူတွေက ပြောပါတယ်။
ပုသိမ်မြို့လယ်ရှိ ရွှေမုဋ္ဌောဘုရားမှာ ဒီမနက် အမျိုးသမီးတစ်ယောက် အသက်ရှူကြပ် သေဆုံးခဲ့ပါတယ်။
ပုသိမ်မြို့မှာ Stay at home ကြေညာထားပြီး ကျောင်းတွေကိုလည်း ဒီနေ့စတင် ယာယီပိတ်ထားပါတယ်။ ဇူလိုင် ၄ ရက်က ပုသိမ်မှာ ကိုဗစ်-၁၉ လူနာသစ် ၁၀၇ ဦး ထပ်တိုးတွေ့ရှိ ထားပါတယ်။