စစ်ကိုင်းတိုင်း ကလေးဝမြို့နဲ့ ဟုမ္မလင်းမှာ ဇူလိုင် ၄ ရက်နေ့ ညနေပိုင်းက ကိုဗစ်လူနာ ၄ ဦး ထပ်မံသေဆုံးသွားတယ်လို့ သိရပါတယ်။
အခု သေဆုံးသူတွေက ဆေးကုသမှုခံယူရင်းသေဆုံးသွားတာဖြစ်ပြီး အသက် ၇၂ နှစ်အရွယ် အမျိုးသားတစ်ဦး၊ အသက် ၄၀ နှစ်အရွယ် အမျိုးသမီး တစ်ဦးနဲ့ ၄၅ နှစ်အရွယ် အမျိုးသမီး တစ်ဦးတို့ သေဆုံးသွားတယ်လို့ ပြောပါတယ်။
လို့ ပရဟိတလုပ်ကိုင်သူက ပြောပါတယ်။
ကလေးဝမြို့မှာ ကိုဗစ်ကူးစက်သူ ၁၉၁ ဦး၊ ဆေးရုံဆင်းသူ ၅၄ ဦးနဲ့ သေဆုံးသူ ၁၀ ဦးထိ ရှိလာပြီလို့ ပြည်သူ့ဆေးရုံစာရင်းတွေအရ သိရပါတယ်။
အလားတူ ဟုမ္မလင်းမြို့မှာလည်း ဇူလှိုင် ၄ ရက်နေ့ ညနေပိုင်းက ဆေးရုံမှာ ကုသမှုခံယူနေတဲ့ ကိုဗစ်-၁၉ လူနာတစ်ဦး ထပ်မံသေဆုံးခဲ့ပြီး သေဆုံးသူ ၃ ဦး၊ အတည်ပြုလူနာ ၃၅၈ ဦးနဲ့ ဆေးရုံဆင်းခွင့်ရသူ ၄၈ ဦးရှိပြီလို့ သိရပါတယ်။
ဟုမ္မလင်းမြို့မှာ ကိုဗစ်ကူးစက်မှုမြင့်တက်လာမှုကြောင့် ကျန်းမာရေးဝန်ကြီးဌာနက Stay hone သတ်မှတ်ထားပေမဲ့ အခြေခံပညာကျောင်းတွေကိုတော့ မပိတ်သေးဘူးလို့ သိရပါတယ်။