Live
Home
မြန်မာသတင်း
ရေးမြို့ ရော်ဘာခြံအလုပ်သမား လင်မယား ၂ ဦးတွင် ကိုဗစ်-၁၉ ရောဂါပိုးတွေ့
DVB
·
July 5, 2021

မွန်ပြည်နယ်  ရေးမြို့နယ်၊ ကဗျာကျေးရွာအုပ်စု ကဗျာကြီးကျေးရွာ ရော်ဘာခြံက အလုပ်သမား လင်မယားနှစ်ဦးမှာ ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိတယ်လို့ သိရပါတယ်။

သံဖြူဇရပ်မြို့နယ်က ပြန်လာတဲ့ ဇနီးဖြစ်သူ အနံ့ပျောက်‌လို့ ရေးမြို့ပြည်သူ့ဆေးရုံမှာ တက်ရောက်ပြပြီး စစ်ဆေးရာမှ ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိခဲ့ပြီး အမျိုးသားဖြစ်သူအား ထပ်မံဆေးရာမှာလည်း ပိုးတွေ့ရှိခဲ့တာလို့ မြို့နယ် ကိုဗစ်ကော်မတီက ပြောပါတယ်။

အဆိုပါ ရော်ဘာအစေးခြစ် အလုပ်သမား လင်မယား ၂ ဦးအား ရေးမြို့ပြည်သူ့ဆေးရုံ Isolation Ward မှာ ထားရှိ ကုသပေးသွားမယ်လို့ ဆိုပါတယ်။ ပိုးတွေ့လင်မယား ၂ ဦးနဲ့ လက်တလော ထိတွေ့ထားတဲ့သူတွေ မရှိဘူးလို့ သိရပါတယ်။

ရေးမြို့ပြည်သူ့ဆေးရုံမှာ လက်ရှိ ကိုဗစ်-၁၉ ကုသပေးနေတဲ့ ဆရာဝန် လုံလောက်မှုမရှိတဲ့အပြင် လူနာတွေရဲ့ စားသောက်ရေးအတွက် အလှူရှင်တွေလည်းမရှိတာကြောင့် လူနာတွေရဲ့ မိသားစုဝင်တွေကပဲ လိုအပ်တဲ့ စားသောက်ရေးကို ပို့ဆောင်ပေးနေရတယ်လို့ သိရပါတယ်။

ရေးမြို့နယ်မှာ ကိုဗစ်တတိယလှိုင်းအတွင်း ကိုဗစ် ၁၉ အတည်ပြု လူနာ  ၁၄ ဦးအထိရှိလာပြီး ဇူလိုင်  ၅ ရက်နေ့က စတင်ကာ စားသောက်ဆိုင်တွေကို ပါဆယ်စနစ်နဲ့ ရောင်းချသွားဖို့ ညွှန်ကြားထားပါတယ်။

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024