မကွေးမြို့မှာ ဇူလိုင်လ ၃ ရက်နေ့က စစ်ကောင်စီရဲ့ ဝန်ထမ်းနဲ့ မိသားစုဝင် ၂၄ ယောက်အပါဝင် ကိုဗစ်-၁၉ အတည်ပြုလူနာ ၅၁ ယောက်ထိ စံချိန်တင်တွေ့ရှိခဲ့တယ်လို့ ပရဟိတ အဖွဲ့တွေကနေ သိရပါတယ်။
ပိုးတွေ့လူနာတွေကတော့ အကြမ်းဖက်စစ်ကောင်စီရဲ့ ဝန်ထမ်းနဲ့ မိသားစု ၂၄ ယောက်၊ Union ဝက်ရှော့က ၆ ယောက်၊ ကန်သာရပ်ကွက်က ၄ ယောက်၊ ရွာသစ်ပွဲကြိုရပ်ကွက်က ၃ ယောက်၊ အောင်မေတ္တာရပ်ကွက်က ၃ ယောက်၊ သံဃာတော် ၃ ပါး၊ ရန်မျိုးလုံရပ်ကွက်က ၂ ယောက်၊ မြို့ဟောင်း၊ ဆားစည်၊ ရန်မျိုးနိုင်ရပ်ကွက်နဲ့ မြို့သစ်မြို့နယ် ငွေလေးနဲ့ ဇီးကျွန်းရွာက ၁ ယောက်စီမှာ ကိုဗစ်-၁၉ ရောဂါပိုးတွေ့ခဲ့တယ်လို့ ပရဟိတ အဖွဲ့ဝင်တ်ယောက်က ပြောပါတယ်။
အဲဒီပိုးတွေ့လူနာတွေကို မကွေးတိုင်းပြည်သူ့ဆေးရုံကြီး ၅ ထပ်ဆောင်ကို ပို့ပေးခဲ့ပြီးတော့ သီးခြားကုသပေးနေတယ်လို့ သိရပါတယ်။