ခန္တီးမြို့တွင် SP သတင်းရဲတပ်ဖွဲ့မိသားစုအပါအဝင် ၁၀ ဦး ကိုဗစ်ပိုးတွေ့ရှိ
DVB
·
July 2, 2021
စစ်ကိုင်းတိုင်း ခန္တီးမြို့မှာ ဇူလိုင် ၂ ရက် နေ့လယ်ပိုင်းက SP သတင်းရဲတပ်ဖွဲ့ မိသားစု ၄ ဦး အပါအဝင် ၁၀ ဦးမှာ ကိုဗစ်-၁၉ ရောဂါပိုး တွေ့ရှိတယ်လို့ သိရပါတယ်။
ပရဟိတလုပ်ကိုင်သူ တစ်ဦးက “အခုနေ့လယ်ပိုင်းက SP သတင်းရဲတပ်ဖွဲ့မိသားစု ၄ ဦးကို RTD Test kits စစ်ဆေးတာ သူတို့ ၄ ယောက်ပိုးတွေ့တယ်။ နောက်ထပ် ရွှေကမ္ဘာလက်ဖက်ရည်ဆိုင်က စားပွဲထိုး ၅ ယောက်၊ ပေါမိုင်းရပ်ကွက် ၁ ယောက် တွေ့ရှိခဲ့တယ်” လို့ ပြောပါတယ်။
ခန္တီးမြို့မှာ ကိုဗစ်-၁၉ ပိုးတွေ့ရှိသူ ၁၇ ဦးထိရှိလာခဲ့ပြီး သေဆုံးသူတော့ မရှိသေးဘူးလို့ သိရပါတယ်။