အကြမ်းဖက်စစ်ခေါင်းဆောင်ရဲ့မွေးနေ့နဲ့ ပတ်သက်ပြီး ရေးသားထားတဲ့ စာတန်းတစ်ခုကို ရဲကားတစ်စီးက ရန်ကုန်မြို့ မြေနီကုန်းတံတားပေါ် တက်ဖြုတ်ရင်း ဒီနေ့ ဇူလိုင် ၂ ရက် မနက် ၉ နာရီကျော်လောက်က ပေါက်ကွဲမှု တစ်ခုဖြစ်ပွားခဲ့ပါတယ်။
မြေနီကုန်းတံတားပေါ်မှာရှိတဲ့ ပါဆယ်ဗုံးတစ်ခုက ပေါက်ကွဲမှုကြောင့် လူထိခိုက်မှု မရှိဘူးလို့သိရပါတယ်။
ပေါက်ကွဲမှုဖြစ်ပြီးနောက် မြေနီကုန်းတံတားပေါ်ကို နာရီဝက်ကျော် လမ်းပိတ်ဆို့ခဲ့တယ်လို့ အနီးနားရပ်ကွက်နေ ပြည်သူတစ်ဦးက ပြောပါတယ်။
မနေ့ကလည်း မြေနီကုန်းတံတားအောက်က ယာဉ်ထိန်းရဲရုံး ပေါက်ကွဲမှုတစ်ခု ဖြစ်ပွား ခဲ့ပါသေးတယ်။