ရွှေဘိုအကျဉ်းထောင်က ၁၈ ဦး ပြန်လွတ်
DVB
·
July 1, 2021
စစ်ကိုင်းတိုင်း၊ ရွှေဘိုအကျဉ်းထောင်မှာ ပုဒ်မ ၅၀၅ (က) နဲ့ အစွဲခံရသူ ၅၆ယောက်ကို ဇွန်လ ၃၀ ရက်နေ့က ပြန်လွှတ်ပေးမယ်လို့သတင်းတွေ ထွက်ပေါ်ခဲ့ပေမယ့် ၁၈ ယောက်ပဲ ပြန်လွှတ်ပေးခဲ့ပါတယ်။
မူလက တစ်ရက်တည်းအကုန်လွှတ်ပေးဖို့ စီစဉ်ထားပေမယ့် အစီအစဉ်ပြောင်းသွားပြီး ၃ ရက်ခွဲပြီး အသုတ်လိုက်ပြန်လွှတ်မယ်လို့ ရွှေဘိုအကျဉ်းဦးစီးဌာနက ပြောပါတယ်။
ဇူလိုင် ၁ ရက်နေ့မှာ ၁၈ ယောက်၊ ဇူလိုင် ၂ ရက်နေ့မှာ အယောက် ၂၀ ထပ်လွှတ်ပေးမယ်လို့ ရွှေဘိုအကျဉ်းဦးစီးဌာနက အတည်ပြုထားပါတယ်။