Chevrolet လည်း အရောင်းပြခန်း ဖွင့်မည်
DVB
·
November 29, 2013
အမေရိကန် အခြေစိုက် ဂျင်နရယ်မော်တာ (GM)ကုမ္ပဏီထုတ် Chevrolet ကားကုမ္ပဏီဟာ ဒီဇင်ဘာလ အတွင်း ရန်ကုန်မှာ ကားအရောင်းပြခန်း လာဖွင့်တော့မယ်လို့ ပူးတွဲလုပ်ငန်း လုပ်ကိုင်ခွင့်ရထားတဲ့ AA ဆေးဝါးထုတ်လုပ်ရေးလုပ်ငန်း ကုမ္ပဏီတာဝန်ရှိသူက သတင်းထောက်တွေကို ပြောပါတယ်။
[caption id="attachment_47269" align="alignright" width="275"] Chevrolet လည်း အရောင်းပြခန်းတခုအား တွေ့မြင်ရစဉ်[/caption]
ချက်ဗလက်ကားတွေကို လက်ရှိ SSS အက်စ်သုံးလုံး ကားအရောင်းပြခန်း လုပ်ထားတဲ့ ဓမ္မစေတီလမ်းနဲ့ ကမ္ဘာအေးဘုရားလမ်းထောင့်၊ စင်ကာပူသံရုံးရှေ့မှာ ပြသသွားမယ်လို့ ဆိုပါတယ်။
ကားအရောင်းပြခန်းအပြင် ကားအပိုပစ္စည်း အရောင်းဆိုင်နဲ့ ၀န်ဆောင်မှု စင်တာတွေကိုပါ ဖွင့်လှစ်မယ်လို့ ပြောပါတယ်။
လက်ရှိ မြန်မာနိုင်ငံ ရန်ကုန်မှာ မာစီဒီးနဲ့ တိုယိုတာအပါအ၀င် နာမည်ကြီး ကားကုမ္ပဏီတွေ
အရောင်းပြခန်း လာရောက်ဖွင့်လှစ်ထားပြီး ဖြစ်ပါတယ်။