လက်ပံတောင်း သံဃာများကို အကြမ်းဖက်ဖြိုခွင်းမှု တနှစ်ပြည့် ဆန္ဒပြ
နော်နိုရင်း
·
November 29, 2013
[caption id="attachment_47261" align="alignright" width="300"] ဓာတ်ပုံ - ဟန်ဝင်းအောင် ဖေ့ဘုတ်[/caption]
စစ်ကိုင်းတိုင်း မုံရွာခရိုင် လက်ပံတောင်းတောင် ကြေးနီစီမံကိန်းကို ဆန္ဒပြခဲ့ကြတဲ့ သံဃာတော် တွေကို ရဲတပ်ဖွဲ့ဝင်တွေက အကြမ်းဖက် ဖြိုခွင်းခဲ့တာ ဒီနေ့ တနှစ်ပြည့်ပြီဖြစ်တဲ့အတွက် လက်ပံတောင်းအရေးလှုပ်ရှားသူတွေ ဒီကနေ့ မွန်းပွဲပိုင်းက ရန်ကုန်မြို့တော်ခန်းမရှေ့ကနေ တရုတ်သံရုံး ဆီကို ချီတက်ဆန္ဒပြခဲ့ကြပါတယ်။
ပြီးခဲ့တဲ့ ၂၀၁၂ နိုဝင်ဘာ ၂၉ ရက်နေ့ မနက်လင်းအားကြီးအချိန်မှာ မုံရွာ လက်ပံတောင်းတောင် ကြေးနီစီမံကိန်းရပ်တန့်ဖို့ ကန့်ကွက် ဆန္ဒပြတဲ့ သံဃာတော်တွေရဲ့ သပိတ်စခန်းကို ရဲတပ်ဖွဲ့ကနေ မျက်ရည်ယိုဗုံး၊ မီးခိုးဗုံးတွေ အင်းအားသုံး သုံးဖြိုခွင်းခဲ့တဲ့အတွက် ရဟန်းရှင်လူ ၇၀ ထိခိုက် ဒဏ်ရာရရှိခဲ့ပြီး သံဃာတော် ၂၉ ပါး အတွင်းလူနာအဖြစ် ဆေးကုသမှုခံခဲ့ရတာ ဖြစ်ပါတယ်။
ဒီနေ့ ဆန္ဒပြမှုနဲ့ ပတ်သက်ပြီး ရန်ကုန် ပြည်သူ့အကျိုးဆောင်ကွန်ရက်က ကိုအောင်စိုးကို ဆန္ဒပြနေချိန်အတွင်း ဆက်သွယ်မေးမြန်းထားတာ အသံဖိုင်မှာ နားဆင်နိုင်ပါတယ်။