စစ်ပွဲကြောင့် ဆီးရီးယားဒုက္ခသည် ၃ သန်းကျော် ထွက်ပြေးခဲ့ရဟု ကုလပြော

ဆီးရီးယားစစ်ပွဲကြောင့် ထွက်ပြေးခဲ့ရတဲ့ ဒုက္ခသည်အရေအတွက် ၃ သန်းကျော်သွားပြီလို့ ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီး အန်တိုနီယိုဂတ်တာရက်စ်က ပြီးခဲ့တဲ့ နိုဝင်ဘာ ၂၈ ရက်က ပြောပါတယ်။ image1.adapt.960.high“ယူအန်အိပ်ခ်ျစီအာရ်မှာ စာရင်းသွင်းထားတဲ့ ဆီးရီးယား ဒုက္ခသည်အရေအတွက်ဟာ မနေ့က ၂ သန်း ၂ သိန်းကျော် ရှိသွားပါပြီ။ တချို့က ယူအန်အိပ်ခ်ျစီအာရ်ရဲ့ တိုက်ရိုက် အကူအညီတွေ မလိုအပ်တာကြောင့် စာရင်းမသွင်းတာတွေလည်း ရှိပါတယ်။ နိုင်ငံတွေက တဆင့်၊ နိုင်ငံတကာအသိုင်းအ၀ိုင်းကတဆင့် သိရသလောက် ဆီးရီးယား ၃ သန်းကျော် နိုင်ငံထဲက ထွက်ပြေးခဲ့ပြီး ဖြစ်ကြောင်း ယုံကြည်ပါတယ်” လို့ ပြောပါတယ်။ နိုင်ငံတကာ အသိုင်းအ၀ိုင်းအနေနဲ့ ဆီးရီးယား ဒုက္ခသည်တွေရဲ့ အခက်အခဲတွေကို ထမ်းပိုးပေးထားရတဲ့ အိမ်နီးချင်းနိုင်ငံတွေကို အကူအညီတွေ ပိုပေးဖို့ လိုအပ်တယ်လို့ ဂတ်တာရက်စ် က ပြောပါတယ်။ ဂျော်ဒန်နိုင်ငံကလည်း ဆီးရီးယား ဒုက္ခသည်တွေကို ၂၀၁၃ ခုနှစ်နဲ့ ၂၀၁၄ ခုနှစ်တွေအတွင်း လက်ခံထားဖို့ စုစုပေါင်း ကုန်ကျစရိတ်ဟာ ဒေါ်လာ ၅ ဘီလီယံ ကျော်လိမ့်မယ်လို့ ပြောပါတယ်။ အခြေခံ အဆောက်အဦ ဆောက်လုပ်ရေးအတွက် အဓိက ကုန်ကျစရိတ်တွေ တိုးလာတယ်လို့ ပြောပါတယ်။ ဂျော်ဒန်နိုင်ငံမှာ ဆီးရီးယား ဒုက္ခသည် ၆ သိန်းကျော် လောလောဆယ် နေထိုင်နေကြတယ်လို့ ကုလသမဂ္ဂ အချက်အလက်တွေက ဆိုပါတယ်။ လစ်ဗျားနဲ့ အီဂျစ်လို ဆီးရီးယားရဲ့ အနီးကပ် အိမ်နီးချင်းနိုင်ငံတွေထဲ တရက်ကို ဆီးရီးယား ဒုက္ခသည် ပျမ်းမျှ ၄ ထောင်လောက် ၀င်ရောက်နေပြီး ဒီနိုင်ငံတွေရဲ့ ၀န်ထုပ်ဝန်ပိုးကို ကူညီ ပံ့ပိုးပေးဖို့ လိုအပ်နေတယ်လို့ ယူအန်အိပ်ခ်ျစီအာရ်က ပြောပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up