တရုတ်စစ်လေယာဉ်များ လေကြောင်းနယ်နိမိတ်သစ်ထဲ စေလွှတ်

Photo by Reuters
တရုတ်နိုင်ငံက ကြေညာထားတဲ့ လေကြောင်းနယ်နိမိတ်ဇုန်သစ်ထဲကို တရုတ် စစ်လေယာဉ်တွေကို ပျံသန်းမှုတွေ ပြုလုပ်စေခဲ့တယ်လို့ တရုတ်နိုင်ငံပိုင် သတင်းတွေက ဆိုပါတယ်။ [caption id="attachment_47247" align="alignright" width="300"]Photo by Reuters Photo by Reuters[/caption] တရုတ်က ကြေညာထားတဲ့ အဲဒီလေကြောင်းဇုန်သစ်ဟာ သူတို့နိုင်ငံရဲ့ ပိုင်နက်တွေ ပါနေတယ်လို့ ဂျပန်၊ ထိုင်ဝမ်နဲ့ တောင်ကိုရီးယားနိုင်ငံတွေက ပြောဆိုနေကြပါတယ်။ နယ်နိမိတ်ဇုန်သစ်ထဲကို ပျံသန်းမယ်ဆိုရင် ဘယ်လေယာဉ်ဖြစ်ဖြစ် သူတို့ကို ကြိုတင် အကြောင်းကြားရမယ်လို့ တရုတ်နိုင်ငံက ဆိုပါတယ်။ အကြောင်းမကြားပဲ ပျံသန်းရင် တရုတ်နိုင်ငံရဲ့ အရေးပေါ် ခုခံကာကွယ်ရေးအစီအစဉ်အတိုင်း လုပ်ဆောင်သွားမယ်လို့ ပြောပါတယ်။ အဲ့ဒီနောက်ပိုင်းမှာ အဲဒီနယ်နိမိတ်ထဲကို အမေရိကန် ဘီ-၅၂ ဗုံးကြဲလေယာဉ် ၁ စင်း အရင်ဆုံး ပျံသန်းမှု ပြုလုပ်ခဲ့သလို ဂျပန်နဲ့ တောင်ကိုရီးယားစစ်လေယာဉ်တွေလည်း ပျံသန်းမှုတွေ ပြုလုပ်ခဲ့ကြပါတယ်။ တရုတ်လေတပ်ရဲ့ ပြောရေးဆိုခွင့်ကတော့ နိုင်ငံတကာစံချိန်စံညွှန်းတွေနဲ့ အညီ နိုင်ငံ ကာကွယ်ရေးလုပ်ငန်းတွေအတွက် တရုတ်တိုက်လေယာဉ်တွေဟာ နယ်နိမိတ်သစ်ထဲမှာ တာဝန်ယူမှုတွေ လုပ်နေပြီလို့ နိုင်ငံပိုင် ဆင်ဟွာသတင်းကနေ ပြောကြားပါတယ်။ အဲဒီ ကြေညာချက်ဟာ ဂျပန်နဲ့ တောင်ကိုရီးယားစစ်လေယာဉ်တွေ အဲဒီနယ်နိမိတ်သစ်ထဲ ၀င်ရောက် ပျံသန်းမှုတွေ လုပ်ခဲ့တယ်လို့ ကြေညာအပြီး နာရီပိုင်းအကြာမှာ ထွက်ပေါ်လာတာ ဖြစ်ပါတယ်။ တရုတ်နိုင်ငံဟာ နယ်နိမိတ်ဇုန်သစ်အတွင်းကို ၀င်လာတဲ့ လေယာဉ်တွေကို တုံ့ပြန်မှုတွေ လုပ်မယ်လို့ မူလက ဆိုခဲ့ပေမယ့် အခုကျတော့ ၀င်လာတဲ့လေယာဉ်တွေကို အနီးကပ် စောင့်ကြည့် လေ့လာမှုတွေ လုပ်မယ်ဆိုပြီး လျှော့ချသွားတယ်လို့ တရုတ်နဲ့ နိုင်ငံတကာ အကဲခတ်တွေက သုံးသပ်နေကြပါတယ်။ လာမယ့်အပတ်မှာ အမေရိကန် ဒုသမ္မတ ဂျိုဘိုင်ဒင်းရဲ့ အာရှခရီးစဉ် ရှိတာမို့ တရုတ်နိုင်ငံနဲ့ တင်းမာမှုတွေကို ဖြေလျော့ဖို့ ကြိုးစားရင် သူ့မဟာမိတ်နိုင်ငံတွေကိုလည်း အမေရိကန်နိုင်ငံရဲ့ ဒေသတွင်း စိတ်ဝင်စားမှုကို ပြသမှာ ဖြစ်တယ်လို့ သတင်းတွေက ဆိုပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up