မုံရွာမြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (အန်အယ်လ်ဒီ) ပါတီဝင်တွေနဲ့ ဝန်းရံပြည်သူ ၄၈ ယောက်ကို စီရင်မယ်လို့ စစ်ကောင်စီအကြမ်းဖက်အဖွဲ့ရဲ့ လက်ကိုင်တုတ် ပျူစောထီးအဖွဲ့က စာကပ်ပြီး ခြိမ်းခြောက်နေပါတယ်။
“အခု မုံရွာပျူစောထီးအဖွဲ့က ပြည်ထောင်စုလမ်းနဲ့ သာစည်လမ်းမီးပွိုင့်သစ်ပင်တွေမှာ မုံရွာမြို့ အန်အယ်လ်ဒီ လွှတ်တော်ကိုယ်စားလှယ် အပါအဝင် ၄၈ ဦးကို စီရင်မယ်လို့ နာမည်တွေနဲ့တကွ စာလိုက်ကပ်ထားတာ တွေ့ရတယ်”လို့ မုံရွာမြို့တစ်ဦးက ပြောပါတယ်။
စာကပ်ခံရတဲ့ ၄၈ ယောက်ရဲ့ နေအိမ်တွေ၊ မိသားစုဝင်တွေ၊ ဆွေမျိုးတွေနဲ့ ပိုင်ဆိုင်မှုတွေကို ပြင်းထန်စွာ စီရင်မယ်လို့ ခြိမ်းခြောက််စာမှာ ရေးသားထားပါတယ်။
အဆိုပါ လူစာရင်းထဲမှာ စစ်ကောင်စီမှ အမှုဖွင့်ထားတဲ့ မုံရွာမြို့ခံ အမျိုးသမီးသတင်းထောက် နှစ်ယောက်လည်း ပါဝင်ပါတယ်။
အန်အယ်လ်ဒီပါတီအနေနဲ့ အပြစ်မဲ့ပြည်သူတွေကို သေကျေဒဏ်ရာရ ထိခိုက်ပျက်စီးအောင် အားပေးအားမြှောက် ပြုလုပ်နေတာ၊ အစိုးရအဆောက်အအုံတွေ ဖျက်ဆီးတာတွေကို ကိုယ်တိုင်ကျူးလွန်နေတယ်ဆိုပြီး ပျူစောထီးအဖွဲရဲ့ စာမှာ စွပ်စွဲရေးသားထားပါတယ်။