ကရင်ပြည်နယ် မြဝတီမြို့ရဲစခန်းနှင့် တရားရုံးနား ဗုံးပေါက်ကွဲ
DVB
·
June 29, 2021
မြဝတီမြို့မရဲစခန်းနဲ့ မြဝတီမြို့ မြို့နယ်တရားရုံးနား ဦးအောင်ဇေယျလမ်း သစ်ပင်အောက်မှာ ဇွန်လ ၂၈ ရက်နေ့ ည ၈ နာရီကျော်က ဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့ပါတယ်။
ဗုံးပေါက်ကွဲချိန်ဟာ ညမထွက်ရအမိန့်ရှိနေတဲ့ ၈ နာရီနောက်ပိုင်းမှာ ပါက်ကွဲတာ ဖြစ်ပါတယ်။
ပေါက်ကွဲမှုဖြစ်ချိန်ဟာ လမ်းသွားလာသူ မရှိသလို ဆိုင်ကယ်ကားတွေ၊ အိမ်အပြင်ထွက်တဲ့ သူတွေလည်း မရှိသလောက်ဖြစ်တဲ့အတွက် ထိခိုက်ဒဏ်ရာရတာမရှိဘူးလို့ သိရပါတယ်။