ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်မြို့နယ်မှာ ဇွန် ၂၈ ရက်နေ့က ရဲတပ်ကြပ်တစ်ဦး အပါအဝင် ၄ ဦးမှာ ကိုဗစ်ပိုးတွေ့ရှိခဲ့တယ်လို့ မြို့နယ်ကျန်းမာရေးဦးစီးဌာနက သိရပါတယ်။
ပိန်းဇလုပ်မြို့နယ်မြေရဲစခန်းက ရဲတပ်ကြပ်အမျိုးသမီးတစ်ဦး၊ ပြွန်တန်ဆာမြို့ ဝင်္ဂဘော်ကျေးရွာက အမျိုးသမီးတစ်ဦးနဲ့ ညောင်လေးပင်မြို့၊ မြို့မ ( ၃) ရပ်ကွက်က အမျိုးသား နှစ်ဦးတို့မှာ ကိုဗစ်ပိုးတွေ့ရှိခဲ့တာ ဖြစ်ပါတယ်။
ကိုဗစ်ပိုးတွေ့ရှိသူတွေဟာ ဖျားနာ ချောင်းဆိုးကြောင့် ညောင်လေးပင်မြို့ ပြည်သူ့ဆေးရုံကို လာရောက်ပြသစဥ် စစ်ဆေးရာမှ ကိုဗစ်ပိုး တွေ့ရှိခဲ့တာပါ။
ကိုဗစ်ပိုးတွေ့ရှိသူ လေးဦးကို မြို့နယ်ပြည်သူ့ဆေးရုံမှာ ကုသသွားမှာဖြစ်ပါတယ်။
ညောင်လေးပင်မြို့နယ်မှာ တတိယလှိုင်းအတွင်း ကိုဗစ်အတည်ပြုလူနာ ၇ ဦးအထိ ရှိလာနေပြီ ဖြစ်ပါတယ်။