Saturday, June 10, 2023
HomeLead Storyနွေဗိုလီယွန်နယ်စပ်တွင် မက္ကဆီကိုအစိုးရက လုံခြုံရေးတိုးမြှင့်

နွေဗိုလီယွန်နယ်စပ်တွင် မက္ကဆီကိုအစိုးရက လုံခြုံရေးတိုးမြှင့်

မက္ကဆီကိုအစိုးရဟာ အမေရိကန်နိုင်ငံ တက္ကဆက်ပြည်နယ်နဲ့ နယ်စပ်ချင်းထိနေတဲ့ နွေဗိုလီယွန် နယ်စပ်က အဝေးပြေးလမ်းမှာ ဇွန်လ ၂၇ ရက်ကစပြီး ရဲနဲ့ စစ်တပ်အင်အားကို တိုးမြှင့်ချထားလိုက်ပါတယ်။

ပြီးခဲ့တဲ့ လနည်းနည်းအတွင်း လမ်းပေါ်မှာ ခရီးသွားနေတဲ့ လူဒါဇင်ချီ ပျောက်ဆုံးခဲ့အပြီး လူပျောက်မှုနဲ့ လုယက်မှုတွေကို ဟန့်တားဖို့ ခုလို တပ်ချတာလို့ ဆိုပါတယ်။

 မက္ကဆီကိုရဲ့ စက်မှုလုပ်ငန်း အချက်အချာ မွန်တေရီမြို့နဲ့ နယ်စပ်မြို့ နွေဗိုလာရေဒိုမြို့တွေမှာ မူးယစ်ဂိုဏ်းတွေ ကြီးစိုးနေလို့ အဲဒီမြို့ ၂ မြို့ကြားက လမ်းမှာ လက်နက်ကိုင် စစ်သားတွေနဲ့ ရဲအရာရှိတွေ ကင်းလှည့်နေပါတယ်။

အရင်လက ဒီလမ်းပေါ်မှာ ခရီးသွား ၄၁ ယောက် ပျောက်ဆုံးခဲ့ပါတယ်။ ၁၇ ယောက်ကတော့ တိုက်ခိုက်ခံရပြီး သူတို့ရဲ့ ကားတွေကို လမ်းပိတ်ထားတဲ့ ရာဇဝတ်အုပ်စုတွေက လုယူခဲ့တယ်လို့ နွေဗိုလီယွန်မြို့ အာဏာပိုင်တွေက ပြောပါတယ်။

အဝေးပြေးလမ်းပေါ်မှာ လုံခြုံရေးနဲ့ ရဲအင်အား တိုးမြှင့်ချထားဖို့ ပူးတွဲအစီအစဉ်ကို နွေဗိုလေယွန်နဲ့ တာမောင်လီပတ်စ် ပြည်နယ်အစိုးရတွေက ပူးပေါင်းဆောင်ရွက်ခဲ့ပါတယ်။ 

နွေဗိုလာရေဒိုမြို့ကို ဇီးတပ်စ် မူးယစ်မှောင်ခိုဂိုဏ်း အကြွင်းအကျန်တွေဖြစ်တဲ့ နော့သ်အိစ် မူးယစ်ဂိုဏ်းက ကြီးစိုးနေတာ ကြာပါပြီ။

ထောင်ချီတဲ့ ခရီးသည်တွေဟာ အမေရိကန်နိုင်ငံ တက္ကဆက်ပြည်နယ် လာရေဒိုမြို့ နယ်စပ်ကို ဖြတ်ကူးဖို့ ဒီလမ်းကြောင်းကို သုံးနေကြတာပါ။

RELATED ARTICLES
- Advertisment -
Google search engine

Most Popular