မွန်ပြည်နယ်၊ ရေးမြို့ မီးရထားရဲဝန်ထမ်း ၂ ဦးမှာ ဇွန် ၂၈ ရက်က ကိုဗစ်-၁၉ ရောဂါပိုး တွေ့ရှိခဲ့တယ်လို့ မြို့နယ် ကိုဗစ်ကာကွယ်ရေး ကော်မတီက ပြောပါတယ်။
ရေးမြို့ အောင်မင်္ဂလာရပ်ကွက် မီးရထားရဲစခန်းက ရဲဝန်ထမ်း ၁၄ ဦးထဲကို ပထမအကြိမ် RDT Test Kit နဲ့ စစ်ဆေးစဉ်က အတည်ပြုလူနာ ၇ ဦးတွေ့ရှိခဲ့ပြီး ဇွန် ၂၇ ရက်နေ့ ဒုတိယအကြိမ် နှာခေါင်းနဲ့ အာခေါင်တို့ဖတ်(Swab)ယူပြီး မော်လမြိုင်ဆေးရုံဓာတ်ခွဲခန်းကို ပို့ဆောင်စစ်ဆေးရာမှာ ရဲတပ်သား ၂ ဦးမှာ ကိုဗစ်-၁၉ ရောဂါပိုး ထပ်မံတွေ့ရှိခဲ့တာပါ။
ရေးမြို့နယ်မှာ လက်ရှိ မီးရထား ရဲဝန်ထမ်း ၉ နဲ့ မိသားစုဝင် ၁ ဦး၊ စုစုပေါင်း ပိုး တွေ့လူနာ ၁၀ ဦးအထိ ရှိလာပြီလို့ သိရပါတယ်။