Home
မြန်မာသတင်း
အော်ရီဒူး အလုပ်အကိုင် အခွင့်အလမ်းပွဲ ကျင်းပမည်
DVB
·
November 29, 2013
မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှာ အော်ပရေတာ လုပ်ကိုင်ခွင့်တင်ဒါ အောင်မြင်ထားတဲ့ ကာတာအခြေစိုက် အော်ရီဒူးကုမ္ပဏီဟာ ဆွေးနွေးပွဲ၊ ဖျော်ဖြေပွဲတွေနဲ့အတူ အလုပ်ပါ တခါတည်း လျှောက်လို့ရမယ့် အလုပ်အကိုင် အခွင့်အလမ်း ပြပွဲကို ရန်ကုန်မြို့ ဆရာစံလမ်းနဲ့ တက္ကသိုလ် ရိပ်သာလမ်းသစ်ထောင့်က သမ၀ါယမ စီးပွားရေးစင်တာမှာ နိုဝင်ဘာ ၃၀ နဲ့ ဒီဇင်ဘာ ၁ ရက်နေ့တွေမှာ ပြုလုပ်မယ်လို့ ကြေငြာထားပါတယ်။ 16710-ooredoo_articleအော်ရီဒူး(မြန်မာ) တာဝန်ရှိသူက လက်ရှိ သူတို့ဆီမှာ ၀န်ထမ်း ၁၅၀ လောက် ရှိနေပြီး၊ ၂၀၁၄ အကုန်အထိ ၀န်ထမ်း ၁ ထောင် လောက်ခန့်မယ်၊ ရေရှည်အတွက်ဆို ၀န်ထမ်း ၅ ထောင် လောက် လိုအပ်တယ်၊ ၅ နှစ်အတွင်း ကုမ္ပဏီဝန်ထမ်း စုစုပေါင်းရဲ့ ၉၉ ရာခိုင်နှုန်းဟာ မြန်မာနိုင်ငံသားတွေ ဖြစ်စေရမယ်လို့ ကတိပေးထားပါတယ်။ အော်ရီဒူးဟာ မြန်မာနိုင်ငံမှာ 3G ကွန်ရက် တည်ဆောက်မှာ ဖြစ်ပြီး အမေရိကန် ဒေါ်လာ ၁၅ ဘီလီယံလောက် ရင်းနှီးမြှုပ်နှံမယ်လို့ ကြေငြာထားပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024