ဟောင်ကောင်မှာ ရေယာဉ်တစီး မတော်တဆမှုကြောင့် ခရီးသည် ၈၅ ဦး ဒဏ်ရာရ

ဟောင်ကောင်နဲ့ မကာအိုကြား ပြေးဆွဲနေတဲ့ ရှန်းတက်ခ် (Shun Tak) ရေယာဉ်ကုမ္ပဏီပိုင် အမြန်ရေယာဉ်တစီးဟာ ဒီမနက် ၁ နာရီ  ၂၀ မိနစ်က အမျိုးအမည်မသိ အရာဝထ္ထုတခုကို တိုက်မိခဲ့တာကြောင့် ရေယာဉ်ပေါ်ပါ ခရီးသည် ၈၅ ဦး ဒဏ်ရာရ ရှိခဲ့ပါတယ်။ Hong Kong Shipအဲဒီ အမြန်ရေယာဉ်ပေါ်မှာ ခရီးသည် ၁၀၅ ဦးနဲ့ ရေယာဉ်ဝန်ထမ်း ၁၀ ဦး လိုက်ပါလာကြတယ်လို့ ဆိုပါတယ်။ "ဆိပ်ကမ်းက ထွက်သွားပြီး ၁၅ မိနစ်အကြာ ဟောင်ကောင်ကျွန်းအပြင်ဘက် ဟေလင်ချူကျွန်းစုနားမှာ အမျိုးအမည်မသိအရာတခုကို တိုက်မိခဲ့ပါတယ်။ ရေယာဉ်ဟာ ဆိပ်ကမ်းကိုတော့ ပြန်လာနိုင်ခဲ့ပါတယ်။ တိုက်မိတဲ့အရာ ဘာအရာမှန်းတော့ မသိသေးပါဘူး။ စစ်ဆေးကြည့်တာတော့ ရေယာဉ်မှာ ဆိုးဆိုးဝါးဝါး ထိခိုက်ပျက်စီးတာတော့ မရှိပါဘူး။ ရေယာဉ်ကလည်း ပုံမှန်အမြန်နှုန်းနဲ့ သွားနေတာပါတယ်"လို့ ရှန်းတက်ခ်ရေယာဉ် ကုမ္ပဏီ ပြောရေးဆိုခွင့် အလန် ၀မ်း (Alan Wong)က ပြောပါတယ်။ ၂၀၁၂ ခုနှစ် အောက်တိုဘာ ၁ ရက်နေ့ကလည်း ရေယာဉ် ၂ စီး တိုက်မိကြတာကြောင့် လူ ၃၉ ဦး သေဆုံးခဲ့ပြီး ဟောင်ကောင်မှာ နှစ်ပေါင်း ၄၀ အတွင်း အဆိုးဆုံး ရေကြောင်းမတော်တဆမှု ဖြစ်ခဲ့ပါတယ်။ ကပ္ပတိန် ၂ ဦးကိုလည်း လူ ၃၉ ဦး သေစေမှုနဲ့ ရုံးတင်တရားစွဲဆိုထားဆဲ ဖြစ်ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up