စစ်ကိုင်းတိုင်း၊ မုံရွာမြို့ ဗိုလ်ချုပ်လမ်းဘေးနဲ့ အမြင့်လမ်းခွဲမှာ ဇွန် ၂၈ ရက် မနက် ၇ နာရီခွဲက ဗုံးပေါက်ကွဲ တာကြောင့် စစ်ကောင်စီတပ်သား ၁ ဦးနဲ့ ရဲ ၁ ဦး ဒဏ်ရာရတယ်လို့ မျက်မြင်တစ်ဦးက ပြောပါတယ်။
“သူတို့ဆိုင်ကယ်လိုင်စင်၊ ကားလိုင်စင်စစ်ဆေးတဲ့နေရာ အဲဒီနား စစ်တပ်ကားလာပြီး လူတွေ ဆင်းရပ်နေတုန်း ဗုံးပေါက်ကွဲသွားတယ်။ စစ်သား တစ်ဦးနဲ့ ရဲတစ်ဦးမှာ ဝမ်းဗိုက်နဲ့ မျက်နှာတွေ ထိသွားတယ်။”
ဗုံးပေါက်ကွဲပြီး တော်ဝင်ကျောက်စိမ်းဟိုတယ်အနီး စစ်တပ်ကားတွေ ထပ်မံရောက်ရှိနေတာ ကြောင့် နတ်လူထိပ္ပန်ရပ်ကွက်နဲ့ ရွှေကုန်းရပ်ကွက်က ပြည်သူတွေ စိုးရိမ်နေတယ်ကြတယ်လို့ လည်း ဒေသခံက ပြောပါတယ်။