မန္တလေးမြို့ နဂါးရပ်ကွက်တွင် ကိုဗစ်လူနာ ၁ ဦး သေဆုံး
DVB
·
June 27, 2021
မန္တလေးမြို့ ချမ်းအေးသာစံမြို့နယ် ပြည်ကြီးမျက်ရှင်ရပ်၊ နဂါးရပ်ကွက်မှာ ကိုဗစ်လူနာ အမျိုးသမီး တစ်ဦး ဇွန် ၂၇ ရက်က သေဆုံးသွားပါတယ်။
သေဆုံးခဲ့တဲ့ ကိုဗစ်လူနာမှာ အသက် ၅၂ နှစ်ရှိ အမျိုးသမီးတစ်ဦးဖြစ်ပြီး နေအိမ်မှ အေးရိပ်ငြိမ်သုသာန်ကို မြတ်သဒ္ဒါလူမှုနာမှုကူညီရေးအသင်းမှ ကူညီပို့ဆောင်ပေးခဲ့ပါတယ်။
ကိုဗစ်လူနာ နေထိုင်ခဲ့တဲ့ နေအိမ်နဲ့ အနီးဝန်းကျင်ကို မြတ်သဒ္ဒါလူမှုနာမှုကူညီရေးအသင်းက ပိုးသတ်ဆေးဖြန်းပေးခဲ့တယ်လို့ သိရပါတယ်။