ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ ဟောင်ပါးကျေးရွာမှာ ဇွန်လ ၂၇ ရက်နေ့ မနက်အစောပိုင်းက ဗုံး ၂ လုံးပေါက်ကွဲခဲ့တယ်လို့ သိရပါတယ်။
ဟောင်ပါးကျေးရွာ အထက်တန်းကျောင်းနဲ့ မြောက်ကျောင်းဘုန်းကြီးကျောင်းဝင်းထဲက ကျင်းလုပ်ကွက်တွေနားမှာ မနက် ၆ နာရီလောက်က ပေါက်ကွဲခဲ့တာလို့ ဒေသခံတဦးက ပြောပါတယ်။
"စာသင်ကျောင်းထဲ ၁ လုံးပေါက်တယ်ပြီးတော့ ဘုန်ကြီးကျောင်းထဲက လုပ်ကွက်တွေထဲ ပေါက်တာ အချိန်မကွာဘူး ဖြစ်တာက။”
ဗုံးပေါက်ကွဲပြီး မိနစ် ၃၀ လောက်အကြာမှာ အကြမ်းဖက်စစ်ကောင်စီရဲ့ လက်နက်ကိုင်တပ်တွေရောက်လာပြီး စစ်ဆေးတာတွေ ပြုလုပ်နေတယ်လို့ ဆိုပါတယ်။
ဗုံးပေါက်ကွဲမှုနဲ့ပတ်သက်ပြီး ထိခိုက်ပျက်စီးမှု ရှိ မရှိဆိုတာကိုတော့ အတိအကျ မသိရသေးပါဘူး။