ဆန္ဒပြသူများကို ကန့်သတ်သည့်ဥပဒေ ကိုင်ရိုမြို့သားများ ဆန့်ကျင်

အစိုးရက ထုတ်ပြန်ခဲ့တဲ့ ဆန္ဒပြသူတွေကို ကန့်သတ်ချုပ်ချယ်တဲ့ဥပဒေကို မကျေနပ်တာကြောင့် ရာနဲ့ချီတဲ့ပြည်သူတွေ အီဂျစ်နိုင်ငံ ကိုင်ရိုမြို့လမ်းမတွေပေါ်တက်ပြီး နိုဝင်ဘာလ ၂၇ ရက်နေ့က ဆက်လက်ဆန္ဒပြနေကြပါတယ်။ Tear gas fired by riot police at protesters fill the air during clashes at Talaat Harab square in downtown Cairoဒီကန့်သတ်ချုပ်ချယ်တဲ့ ဥပဒေသစ်ဟာ အီဂျစ်ပြည်သူတွေနဲ့ လူ့အခွင့်အရေးအဖွဲ့အစည်းတွေကို ဒေါသထွက်စေခဲ့ပြီး အီဂျစ်နိုင်ငံရဲ့ လွတ်လပ်ခွင့်ကို ထိုးနှက်ချက်ဖြစ်တယ်လို့ ဆိုပါတယ်။ “ဆန္ဒပြဖို့ ခွင့်တောင်းရမယ်ဆိုတာ အဓိပ္ပာယ်မရှိပါဘူး။ ဟာသပါပဲ။ ဘာမှ ခွင့်ပြုချက်တောင်းစရာ မလိုပါဘူး။ အဲ့ဒီဥပဒေကိုလည်း ကန့်ကွက်တယ်။ အဲ့ဒီဥပဒေကို ထုတ်ပြန်တဲ့အစိုးရကိုလည်း ဆန့်ကျင်ကန့်ကွက်တယ်” လို့ ဆန္ဒပြ အမျိုးသမီးတဦးက ပြောပါတယ်။ နိုဝင်ဘာလ ၂၆ ရက်နေ့ကလည်း နိုင်ငံမြောက်ပိုင်း အလက်ဇန်ဒရီယားမြို့မှာ ဆန္ဒပြသူတွေနဲ့ လုံခြုံရေးတပ်ဖွဲ့အကြား တဖက်နဲ့ တဖက် ရိုက်နှက်မှုတွေဖြစ်ပွားခဲ့ပြီး ဆန္ဒပြသူ ၂၄ ဦး အဖမ်းခံရတယ်လို့ သတင်းတွေက ဆိုပါတယ်။ အစိုးရဘက်ကတော့ ဥပဒေသစ်ဟာ ငြိမ်းချမ်းစွာဆန္ဒပြသူတွေကို ဖိနှိပ်ဖို့မဟုတ်ဘဲ  ဥပဒေစိုးမိုးမှု ရှိစေဖို့ပါလို့ ကာကွယ်ပြောဆိုပါတယ်။ အခုဥပဒေသစ်ဟာ မွတ်စလင်ညီအကိုများပါတီကို ပိုပြီး ကန့်သတ်ချုပ်ချယ်ဖို့ ဖြစ်တယ်လို့ ဆိုကြပါတယ်။ လွတ်လပ်တဲ့ရွေးကောက်ပွဲနဲ့ တက်လာတဲ့ သမ္မတ မော်စီထံက ပြီးခဲ့တဲ့ ဇူလိုင်လက စစ်တပ်အာဏာ သိမ်းလိုက်ချိန်ကစပြီး အီဂျစ်နိုင်ငံမှာ ဒီ ၁၀ စုနှစ်တွေအတွင်း အပြင်ထန်ဆုံး ဆန္ဒပြပွဲတွေ ပေါ်ပေါက်နေပြီး လူအမြောက်အမြား သေဆုံးနေပါတယ်။ အစိုးရအနေနဲ့ ဒီဆန္ဒပြပွဲတွေနဲ့ ဖိအားပေးနေတာကို အလျှော့ပေးမယ့်ပုံ မပေါ်ဘူးလို့ သတင်းတွေက ဆိုပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up