ဥရောပသမဂ္ဂခေါင်းဆောင်တွေဟာ ရုရှားသမ္မတ ဗလာဒီမာပူတင်နဲ့ မကြာခင် ထိပ်သီး အစည်းအဝေးကျင်းပဖို့ ပြင်သစ်နဲ့ ဂျာမနီတို့ရဲ့ အဆိုပြုချက်ဟာ သဘောတူညီမှု မရခဲ့ပါဘူး။
ဒါဟာ အရှေ့ – အနောက် ဆက်ဆံရေး ယိုယွင်းလာတာကြောင့် သတင်းစကားအမှားတွေကို ပေးပို့လိမ့်မယ်လို့ ပိုလန်နဲ့ ဘောလ်တစ်နိုင်ငံတွေ ပြောကြားပြီးနောက်မှာ သဘောတူညီချက်ရဖို့ မအောင်မြင်ခဲ့ရတာ ဖြစ်ပါတယ်။
ယူအက်စ်သမ္မတဂျိုးဘိုင်ဒန်ဟာ ဇွန် ၁၆ ရက်က ဂျနီဗာမှာ ရုရှားသမ္မတ ဗလာဒီမာပူတင်နဲ့ တွေ့ဆုံခဲ့ပြီးနောက်မှာ ပြင်သစ်သမ္မတ Emmanuel Macron က ၂၀၁၄ ဇန်နဝါရီလကတည်းက ပူတင်နဲ့ပထမဆုံး EU ထိပ်သီးအစည်းအဝေးဟာ ကျနော်တို့ရဲ့ အကျိုးစီးပွားကိုကာကွယ်ဖို့ တွေ့ဆုံဆွေးနွေးရေးဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။
သူက ဥရောပသမဂ္ဂ-အီးယူဟာ ရုရှားနဲ့ သံတမန်ရေးရာမှာ တုံ့ပြန်မှု ရှိရုံသက်သက် မဟုတ်ဘူးလို့လည်း ဆိုပါတယ်။
ဒါပေမယ့် ဘရပ်ဆဲလ်မှာကျင်းပတဲ့ သန်းခေါင်ယံအစည်းအဝေးမှာ ဆွေးနွေးချက်တွေ အပြီးမှာတော့ အီးယူခေါင်းဆောင် ၂၇ ယောက်တို့ဟာ သဘောတူညီမှု မရရှိခဲ့ဘူးလို့ ဂျာမန်အဓိပတိ အန်ဂယ်လာမာကဲလ်က ဇွန် ၂၅ ရက်မှာ ပြောပါတယ်။
ရုရှားနဲ့ဆက်ဆံရေးဟာ အလွန်ကို အသေးစိတ်ပြီး လွယ်ကူတဲ့ဆွေးနွေးမှုတော့ မဟုတ်ဘူး လို့လည်း ဆိုပါတယ်။
ရုရှားနဲ့ ဆက်သွယ်ပြီး ပူးပေါင်းဆောင်ရွက်လိုတဲ့ အခြေအနေအောက်မှာ ကြိုတင်သတ်မှတ်ထားတဲ့လိုအပ်ချက်တွေကို ပြန်သတ်မှတ်ရမှာဖြစ်တယ်လို့လည်း ပြောဆိုပါတယ်။
အခုခါ ဆွေးနွေးမှုတွေမှာ ပါဝင်နိုင်မယ့် ပုံစံချမှုတွေနဲ့ အခြေအနေတွေကို လေ့လာဆောင်ရွက်နေတယ်လို့ မာကဲလ်က ပြောပါတယ်။
ပုဂ္ဂိုလ်ရေးအရပြောရရင် ဒီထက် နဲနဲပိုခက်ခဲတဲ့အပိုင်းကို ရှေ့ဆက်လုပ်သွားချင်ပေမဲ့ လောလောဆယ် ဒီအတိုင်း အခြေအနေကို ဆက်လုပ်သွားမယ်လို့ ဆိုပါတယ်။
၂၀၁၄ ခုနှစ် မတ်လက ယူကရိန်းရဲ့ ခရိုင်းမီးယားကျွန်းဆွယ်ကို မော်စကိုကနေ သိမ်းပိုက်ပြီးနောက်ပိုင်း အနောက်နိုင်ငံတွေက ဒဏ်ခတ်မှုတွေ ချမှတ်ခဲ့ပြီးနောက်မှာ ရုရှားနဲ့ အီးယူထိပ်သီးအစည်းအဝေးတွေလည်း အဆုံးသတ်ခဲ့ရတာ ဖြစ်ပါတယ်။