အတိုက်အခံ တင်သွင်းသည့် အယုံအကြည်မရှိအဆို ထိုင်းဝန်ကြီးချုပ် အနိုင်ရ

အတိုက်အခံပါတီက နိုဝင်ဘာ ၂၈ ရက်နေ့မှာ တင်သွင်းတဲ့ အယုံအကြည်မရှိအဆိုကို ထိုင်းဝန်ကြီးချုပ် ယင်လပ်ရှင်နာဝပ်က ၂၉၇ မဲ၊ ၁၃၄ မဲနဲ့ အနိုင်ရခဲ့ပါတယ်။ Anti-government protesters wear colourful rain protection gear as they block the road outside the Interior Ministry in Bangkokအယုံအကြည်မရှိအဆိုကို ပယ်ချနိုင်ဖို့ စုစုပေါင်း အမတ်နေရာ ၄၉၂ နေရာရှိတဲ့ အောက်လွှတ်တော်မှာ အနည်းဆုံး အမတ်နေရာ တ၀က် (၂၄၆ မဲ) က ထောက်ခံမဲ လိုအပ်ပါတယ်။ အောက်လွှတ်တော်ကို ၀န်ကြီးချုပ်ရဲ့ အာဏာရပါတီနဲ့ မဟာမိတ်ပါတီတွေက စုစုပေါင်း အမတ်နေရာ ၂၉၉ နေရာယူထားတာကြောင့် အယုံအကြည်မရှိအဆိုကို အလွယ်တကူပဲ အနိုင်ရရှိခဲ့ပါတယ်။ အမေရိကန်ဒေါ်လာ ၁၀၈ သန်းတန် နိုင်ငံတွင်း ရေလွှမ်းမိုးမှုထိန်းချုပ်ရေးအစီအစဉ်နဲ့ အစိုးရက လယ်သမားများထံမှ ဆန်ဝယ်ယူရေးအစီအစဉ်တွေမှာ အဂတိလိုက်စားမှုတွေရှိတယ်ဆိုပြီး အတိုက်အခံပါတီက အယုံအကြည်မရှိအဆို တင်သွင်းခဲ့တာပါ။ ဒီအပတ်ထဲမှာပဲ ဆန္ဒပြသူတွေဟာ အစိုးရလုပ်ငန်းတွေ ရပ်ဆိုင်းသွားအောင် ကြိုးစားတဲ့အနေနဲ့ အခွန်ဝန်ကြီးဌာန၊ နိုင်ငံခြားရေးဝန်ကြီးဌာန၊ စွမ်းအင်ဝန်ကြီးဌာနတွေကို ၀င်ရောက်စီးနင်းမှုတွေလုပ်ခဲ့တာကြောင့် ၀န်ထမ်းတွေကို နေရာရွေ့ပြောင်းပေးခဲ့ရပါတယ်။ အခြားခရိုင် ၁၉ ခုမှာရှိတဲ့ အစိုးရရုံးဌာနတွေကိုလည်း အလားတူ ၀င်ရောက်စီးနင်းမှုတွေ ရှိတယ်လို့ ဆိုပါတယ်။ ပြီးခဲ့တဲ့လက ထောင်ဒဏ် ၂ နှစ်ချခံထားရတဲ့ ၀န်ကြီးချုပ်ဟောင်းသက်ဆင်ကို လွတ်ငြိမ်းချမ်းသာခွင့်ပေးမယ့် ဥပဒေကြမ်းကို အစိုးရက တင်သွင်းခဲ့တာကနေစပြီး ထိုင်းနိုင်ငံမှာ ဆန္ဒပြပွဲတွေ တကျော့ပြန်ဖြစ်လာတာပါ။ အစိုးရကတော့ ပြီးခဲ့တဲ့ တနင်္လာနေ့က ခရိုင်အချို့မှာ ပြည်တွင်းလုံခြုံရေးဥပဒေကို အရေးပေါ်ထုတ်ပြန်ကြေညာထားပါတယ်။ လွှတ်တော်မှာ မဲခွဲပြီးတဲ့နောက်မှာလည်း မြို့တော် ဘန်ကောက်မှာ အစိုးရ ဆန့်ကျင်တဲ့ ဆန္ဒပြပွဲတွေနဲ့ အစိုးရကိုထောက်ခံတဲ့ ဆန္ဒပြပွဲတွေ အရှိန်မြင့်နေတုန်းပါပဲ။ ၀န်ကြီးချုပ် ယင်းလပ်ကတော့ ဆန္ဒပြပွဲကိုတွေကို အကြမ်းဖက် နှိမ်နင်းတာမျိုး လုံးဝလုပ်မှာမဟုတ်ဘူးလို့ ပြောထားပါတယ်။ ဘန်ကောက်က နိုင်ငံရေးတင်းမာမှုတွေကြောင့် ဆန္ဒပြပွဲတွေနဲ့ ဝေးဝေးနေကြဖို့ နိုင်ငံတဒါဇင်လောက်က ထိုင်းရောက်နေတဲ့ သူတို့ နိုင်ငံသားတွေကို နှိုးဆော်သတိပေးထားပါတယ်။ ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် ဘန်ကီးမွန်းက ထိုင်းနိုင်ငံမှာ လတ်တလောဖြစ်ပွားနေတဲ့ တင်းမာမှုတွေနဲ့ ပတ်သက်ပြီး စိုးရိမ်ကြောင်းနဲ့ နှစ်ဖက်စလုံးကို ထိန်းထိန်းသိမ်းသိမ်း လုပ်ကိုင်ကြဖို့ တိုက်တွန်းထားပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up