မုံရွာဆိုင်ကယ်သပိတ် စစ်အာဏာရှင်ဆန့်ကျင်ဆန္ဒပြ
DVB
·
June 24, 2021
မုံရွာလူထုသပိတ်တိုက်ပွဲ ဦးဆောင်ကော်မတီရဲ့ ပင်မသပိတ်စစ်ကြောင်းဟာ ဇွန်လ ၂၄ ရက်မနက်က စစ်အာဏာရှင်ဆန့်ကျင်တဲ့အနေနဲ့ ဆိုင်ကယ်သပိတ်ပြုလုပ် ဆန္ဒပြခဲ့ကြပါတယ်။
ပြည်ထောင်စုလမ်းပေါ်ရှိ ရေစင်ကြီးမီးပွိုင့်မှာ စုဝေးဟောပြောခဲ့ကြပြီး စစ်ကောင်စီအကြမ်းဖက်တပ်တွေက လူစုခွဲဖို့ ကြိုးစားလာတာကြောင့် အောင်မြင်စွာ လူစုခွဲနိုင်ခဲ့ပြီး ဖမ်းဆီးခံရတာမရှိဘူးလို့ သပိတ်စစ်ကြောင်းမှာ ပါဝင်သူတဦးက ပြောပါတယ်။
မုံရွာမြို့မှာ သပိတ်ခေါင်းဆောင်တချို့ ဖမ်းဆီးခံရပေမဲ့ အရှိန်ရပ်မသွားဘဲ စစ်အာဏာရှင်ဆန့်ကျင်ရေး နေ့စဉ် ဆန္ဒပြနေဆဲဖြစ်ပါတယ်။