ဟွန်ဒူးရပ်နိုင်ငံမှာ ဆန္ဒပြကျောင်းသားတွေနဲ့ ရဲတွေအကြား တိုက်ခိုက်မှုဖြစ်

ဟွန်ဒူးရပ်နိုင်ငံမှာ ဆန္ဒြပေကျာင်းသားေတွနဲ့ ရဲေတွအြကား တုိက်ခိုက်မှု ြဖစ်ပွားေနစဉ်
အကြိတ်အနယ် ယှဉ်ပြိုင်ခဲ့ရတဲ့ သမ္မတရွေးကောက်ပွဲမှာ အာဏာရရှေးရိုးစွဲပါတီက သမ္မလောင်း ဂျူအန် ဟာနန်ဒက်ဇ် အနိုင်ရသွားကြောင်း ကြေညာပြီးနောက် ဟွန်ဒူးရပ်နိုင်ငံ တယ်ဂူစီဂါလ်ပါမြို့မှာ ဆန္ဒပြကျောင်းသားတွေနဲ့ ရဲတွေအကြား တိုက်ခိုက်မှုတွေ ဖြစ်ပွားခဲ့ပါတယ်။ [caption id="attachment_47152" align="alignleft" width="300"]ဟွန်ဒူးရပ်နိုင်ငံမှာ ဆန္ဒပြကျောင်းသားတွေနဲ့ ရဲတွေအကြား တိုက်ခိုက်မှု ဖြစ်ပွားနေစဉ် ဟွန်ဒူးရပ်နိုင်ငံမှာ ဆန္ဒပြကျောင်းသားတွေနဲ့ ရဲတွေအကြား တိုက်ခိုက်မှု ဖြစ်ပွားနေစဉ်[/caption] လက်ဝဲ သမ္မတလောင်း ဆီယိုမာရာ ကတ်စထရိုက ရွေးကောက်ပွဲမှာ မသမာမှုတွေ ရှိတယ်လို့ စွပ်စွဲပြီး ရွေးကောက်ပွဲရလဒ်ကို ငြင်းပယ်ခဲ့တာကြောင့် ရေရှည် ပဋိပက္ခတရပ်ကို ဦးတည်နေပါတယ်။ ဒါပေမယ့် ရွေးကောက်ပွဲအာဏာပိုင်တွေကတော့ ဟာနန်ဒက်ဇ်ဟာ ပြတ်ပြတ်သားသား အနိုင်ရတာ ဖြစ်တယ်လို့ နိုဝင်ဘာ ၂၅ ရက်နေ့က ပြောကြားခဲ့ပါတယ်။ ဒေါသထွက်နေတဲ့ ဆန္ဒပြသူတွေဟာ ရဲတွေကို ကျောက်ခဲတွေ၊ အခြားပစ္စည်းတွေနဲ့ ပစ်ပေါက်ခဲ့ကြပါတယ်။ အာဏာပိုင်တွေဖက်ကလည်း ကျောင်းသားတွေကို မျက်ရည်ယိုဗုံးတွေ သုံးပြီး လူစုခွဲခဲ့ပါတယ်။ ဆန္ဒပြသူတဦးက “ဒီရွေးကောက်ပွဲဟာ မသမာတဲ့ရွေးကောက်ပွဲတခုဆိုတာ ပြည်သူလူထုက သိပါတယ်။ အသုံးမကျတဲ့ နိုင်ငံတကာအသိုင်းအ၀ိုင်းကလည်း ဒါကို ပွင့်လင်း မြင်သာတဲ့ ရွေးကောက်ပွဲဆိုပြီး အမှတ်ပေးတယ်။ ဒီမှာ တဦးတည်းသောအနိုင်ရတဲ့သူဟာ ဂျူအန် မဟုတ်ဘူး။ ဂျူအန်က ရွေးကောက်ပွဲကို ခိုးသွားတာပါ” လို့ ပြောပါတယ်။ ရွေးကောက်ပွဲရလဒ်တွေအရ  ဟာနန်ဒက်ဇ်က သူ့ရဲ့ ပြိုင်ဘက်နဲ့ ပြုတ်သွားတဲ့ ခေါင်းဆောင်ဟောင်း မန်နျူယယ်လ် ဇယ်လာယာ ရဲ့ဇနီးကို အနိုင်ရနေပါတယ်။ ဟာနန်ဒက်ဇ်ရဲ့ အောင်ပွဲဟာ ၂၀၀၉ ခုနှစ် အာဏာသိမ်းမှုမှာ ရာထူးက ဖယ်ရှားခံလိုက်ရတဲ့ ဇယ်လာယာရဲ့ လက်ငင်းမျှော်လင့်ချက်တွေကို အဆုံးစီရင်ပစ် လိုက်သလိုလည်း ဖြစ်သွားပါတယ်။

More News
Up