ကုလသမဂ္ဂဆိုင်ရာ တရုတ်သံအမတ်က အရှေ့တရုတ်ပင်လယ် လေပိုင်နက်ကို ကာကွယ်ခွင့် ရှိကြောင်း ပြောကြား

ကုလသမဂ္ဂဆိုင်ရာ တရုတ်သံအမတ် လူဂျီးယီး (Liu Jieyi)
ကုလသမဂ္ဂဆိုင်ရာ တရုတ်သံအမတ် လူဂျီးယီး (Liu Jieyi)က နိုင်ငံတိုင်းမှာ သူ့လေပိုင်နက်ကို ကာကွယ်ခွင့် ရှိသလို၊ အချုပ်အခြာနဲ့ အာဏာတည်မြဲမှုကို ကာကွယ် စောင့်ရှောက်ရမှာ ဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။ [caption id="attachment_47145" align="alignleft" width="300"]ကုလသမဂ္ဂဆိုင်ရာ တရုတ်သံအမတ် လူဂျီးယီး (Liu Jieyi) ကုလသမဂ္ဂဆိုင်ရာ တရုတ်သံအမတ် လူဂျီးယီး (Liu Jieyi)[/caption] တရုတ်က ပိုင်ဆိုင်တယ်လို့ ကြေညာခဲ့တဲ့ လေပိုင်နက် နယ်နမိတ်သစ်ထဲကို အမေရိကန် လေယာဉ် ၂ စီး ၀င်ရောက် ပျံသန်းခဲ့တဲ့သတင်းနဲ့ ပတ်သက်ပြီး တရုတ်သံအမတ်က အခုလို ပြန်လည် ဖြေကြားခဲ့တာ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့အပတ်က အရှေ့တရုတ်ပင်လယ် ကာကွယ်ရေးဇုန်သစ်ကို တရုတ်အစိုးရက ထုတ်ပြန် ကြေညာခဲ့ပြီး ကြိုတင် အကြောင်းကြားခြင်း မရှိပဲ ၀င်ရောက်လာတဲ့လေယာဉ်တွေကို အရေးပေါ် ကာကွယ်ရေး တုန့်ပြန်မှုတွေ လုပ်မှာ ဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။ အဲဒီ လေပိုင်နက်ဇုန်ထဲမှာ အရှေ့တရုတ်ပင်လယ်တခုလုံးနီးပါးကို လွှမ်းခြုံနေတဲ့အပြင် ဂျပန်နဲ့ အငြင်းပွားနေတဲ့ ကျွန်းတွေအထက်က ဝေဟင်လည်း ပါဝင်နေပါတယ်။ အမေရိကန်နဲ့ မဟာမိတ်ဂျပန်နိုင်ငံတို့ကတော့ တရုတ်ရဲ့ ဒီကြေညာချက်ကို ချက်ချင်း တုန့်ပြန်ခဲ့ပါတယ်။ အမေရိကန်ကာကွယ်ရေးဝန်ကြီး ချော့ခ် ဟာဂယ်လ် (Chuck Hagel)က ဒေသတွင်း မတည်မငြိမ်ဖြစ်အောင် ကြိုးစားမှုလို့ ပြောကြားခဲ့ပြီး အမေရိကန်ရဲ့ ဒေသတွင်း အလုပ်တွေကို ပုံမှန်ပဲ ဆက်လုပ်မယ်လို့ ပြောကြားခဲ့ပါတယ်။ အမေရိကန် ကာကွယ်ရေးဝန်ကြီးဌာန ပင်တဂွန်ကတော့ အမေရိကန်လေယာဉ် ၂ စင်းဟာ ဂူအန်စစ်အခြေစိုက်စခန်းကနေပြီး အရှေ့တရုတ်ပင်လယ်ပြင်ထဲကို ပုံမှန်လေ့ကျင့်ပျံသန်းမှုတခု ပြီးခဲ့တဲ့ နိုဝင်ဘာ ၂၅ ရက် တနင်္လာနေ့ ညနေပိုင်းက ပြုလုပ်ခဲ့တယ်လို့ ပြောပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up