Live
Home
မြန်မာသတင်း
မြန်မာနိုင်ငံ၌ စီးပွားရေးမတည်ငြိမ်မှုကြောင့် စက်ရုံပေါင်း ၂၀၀ ပိတ်ပစ်ရန်ရှိ
DVB
·
June 23, 2021

မြန်မာနိုင်ငံမှာ စစ်တပ်အာဏာသိမ်းမှုနောက်ပိုင်း စီးပွားရေးမတည်ငြိမ်မှုကြောင့် စက်ရုံပေါင်း ၂၀၀ ကို ပိတ်ပစ်ဖို့ ရှိတယ်လို့ အထည်ချုပ်လုပ်ငန်းရဲ့ အချက်အချာနေရာတခုဖြစ်တဲ့ ရန်ကုန်မြို့က အလုပ်သမားရေး တက်ကြွလှုပ်ရှားသူတွေ ပြောပါတယ်။ 

ပိတ်ပစ်မယ့် စက်ရုံတွေဟာ ရန်ကုန်တိုင်းအတွင်း စက်မှုဇုန်တွေမှာ ဖွင့်လှစ်လုပ်ကိုင်နေတဲ့ စက်ရုံတွေဖြစ်တယ်လို့လည်း ဆိုပါတယ်။ 

ရန်ကုန်မှာရှိတဲ့ စက်မှုဇုန်တွေဟာ မြန်မာနိုင်ငံရှိ  စက်မှုလုပ်ငန်းရဲ့ ၃ ပုံ ၁ ပုံကို ကိုယ်စားပြုတယ်လို့ အထွေထွေအလုပ်သမားများအဖွဲ့ချုပ် (FGWM) က ပြောဆိုပါတယ်။

H&M၊ Bestseller နဲ့ Primark တို့ အပါအ၀င် ကမ္ဘာ့ထိပ်တန်း ကုန်အမှတ်တံဆိပ်တွေဟာ ဖေဖော်ဝါရီလမှာ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာနိုင်ငံက လုပ်ငန်းရင်းမြစ်တွေကို ရပ်နားထားတာပါ။ 

ဒါပေမဲ့ မြန်မာနိုင်ငံမှာ သူတို့ရဲ့ကုန်ကြမ်းပေးသွင်းသူတွေဆီကဝယ်ပြီး လုပ်ငန်းတွေ စနေကြပါတယ်။

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024