Live
Home
မြန်မာသတင်း
ဒဂုံတက္ကသိုလ် ကျောင်းသား ဦးရေ၏ ၁၅ ရာခိုင်နှုန်းခန့် နှစ်ဝက်စာမေးပွဲဖြေဆို
DVB
·
June 22, 2021

အကြမ်းဖက်စစ်အုပ်စုရဲ့ အုပ်ချုပ်မှုအောက်မှာ ကျင်းပတဲ့ တက္ကသိုလ်ဒုတိယနှစ် ဝက်စာမေးပွဲကို လာရောက်ဖြေဆိုကြတဲ့ ကျောင်းသားဦးရေ ၁၀၀၀ လောက်ရှိတယ်လို့ ဒဂုံတက္ကသိုလ်ကျောင်းသားများသမဂ္ဂက ထုတ်ပြန်ထားပါတယ်။

ပြီးခဲ့တဲ့ မေ ၅ ရက်နေ့ကတည်းက အကြမ်းဖက်စစ်ကောင်စီက ဝိဇ္ဇာ၊ သိပ္ပံ တက္ကသိုလ်အသီးသီးက မဟာတန်းနဲ့ နောက်ဆုံးနှစ်သင်တန်းတွေကို ပြန်လည်ဖွင့်လှစ်ခဲ့တာဖြစ်ပြီး ဒဂုံတက္ကသိုလ်က စတုတ္ထနှစ်၊ ပဉ္စမနှစ်ဥပဒေ၊ ဒုတိယနှစ် ဂုဏ်ထူးတန်း၊ တတိယ နှစ်ဂုဏ်ထူးတန်းနဲ့ မဟာတန်း(ပထမနှစ်) အသီးသီးရဲ့ ဒုတိယနှစ်ဝက် စာမေးပွဲကို ဒီက နေ့ ဇွန် ၂၂ ရက်မှာ စတင်ကျင်းပခဲ့တာ ဖြစ်ပါတယ်။

ဒဂုံတက္ကသိုလ်မှာ ဖွင့်လှစ်ထားတဲ့ အတန်းတွေရဲ့ စာရင်းရှိကျောင်းသားဦးရေက ၆၆၀၀ လောက်ရှိနေပြီး လက်ရှိ ၁၀၀၀ လောက်က စာမေးပွဲဖြေဆိုတာမို့ ကျောင်းသားဦးရေ ၁၅ ရာခိုင်နှုန်းလောက် စာမေးပွဲ လာရောက်ဖြေဆိုကြတာ ဖြစ်ပါတယ်။

တကျောင်းလုံးအတိုင်းအတာနဲ့ ဒဂုံတက္ကသိုလ်မှာ နေ့သင်တန်းကျောင်းသား ၃၀၀၀၀ ကျော်နဲ့ အဝေးသင်ကျောင်းသား ၄ သောင်းကျော်၊ စုစုပေါင်း ကျောင်းသားဦးရေ ၇၀၀၀၀ ကျော် ပညာသင်ကြားနေတာ ဖြစ်ပါတယ်။

အကြမ်းဖက်အာဏာသိမ်း စစ်ကောင်စီလက်အောက်မှာ ပညာဆက်လက်သင်ကြားမှု မလုပ်လိုကြတဲ့ ကျောင်းသားတွေက မြန်မာနိုင်ငံအနှံ့ တက္ကသိုလ်အသီးသီးမှာ စစ်အုပ်စုလက်ပါးစေ တက္ကသိုလ်အုပ်ချုပ်ရေးအဖွဲ့ကို ဖျက်သိမ်းပြီး တရားမဝင်အသင်းအဖြစ် ကြေညာကာ ကြားကာလ ယာယီအုပ်ချုပ်ရေးကောင်စီတွေ အသီးသီးဖွဲ့စည်းကာ သပိတ်မှောက်ထားကြတာ ဖြစ်ပါတယ်။

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024