စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်၊ လယ်ဇင်ကျေးရွာကို ဇွန်လ ၂၁ ရက် ည ၉နာရီက အကြမ်းဖက်စစ်တပ်က ဝင်ရာက်ဖမ်းဆီးခေါ်ဆောင်သွားတဲ့ အမျိုးသားတစ်ဦး သေဆုံးသွားတယ်လို့ ဒေသခံတဦးက ပြောပါတယ်။
“မနေ့ည ၉ နာရီလောက် ကျနော်တို့ရွာကို အကြမ်းဖက်စစ်တပ်တွေ ရောက်လာတယ်။ အိမ်တွေ ဝင်ရောက်ရှာဖွေတယ်၊ အိမ်ထဲရှိတဲ့ ပစ္စည်းတွေလည်း ဖျက်ဆီးသွားတယ်၊ အမျိုးသားတစ်ဦးကို အကြမ်းဖက်စစ်တပ်က ဖမ်းဆီးသွားတယ်၊ အခုမနက်ကရောက်တော့ အလောင်းထုတ်ဖို့ အကြောင်းကြားခဲ့တယ်” လို့ ပြောပါတယ်။
လယ်ဇင်ကျေးရွာကို ဇွန် ၂၂ ရက် မနက်ပိုင်းကစပြီး အကြမ်းစစ်တပ်က စစ်ကား သုံးစီးနဲ့ ရောက်ရှိလာပြီး ရွာအဝင်အထွက်လမ်းတွေမှာ စစ်ဆေးပြီး ဖမ်းဆီးနေတယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။