နိုင်ငံတကာငွေကြေး ရန်ပုံငွေအဖွဲ့ ညွှန်ကြားရေးမှူး မြန်မာနိုင်ငံ လာမည်

နိုင်ငံတကာေငွေြကး ရန်ပုံေငွအဖွဲ့ (အိုင်အမ်အက်ဖ်)ရဲ့ ညွှန်ြကားေရးမှူး ခရစ္စတင်းလာေဂး
နိုင်ငံတကာငွေကြေး ရန်ပုံငွေအဖွဲ့ (အိုင်အမ်အက်ဖ်)ရဲ့ ညွှန်ကြားရေးမှူး ခရစ္စတင်းလာဂေးဟာ မြန်မာ၊ တောင်ကိုးရီးယားနဲ့ ကမ္ဘောဒီးယားနိုင်ငံကို ဒီဇင်ဘာလ အစောပိုင်းမှာ လာဖို့ ရှိပါတယ်။ [caption id="attachment_47126" align="alignleft" width="278"]နိုင်ငံတကာငွေကြေး ရန်ပုံငွေအဖွဲ့ (အိုင်အမ်အက်ဖ်)ရဲ့ ညွှန်ကြားရေးမှူး ခရစ္စတင်းလာဂေး နိုင်ငံတကာငွေကြေး ရန်ပုံငွေအဖွဲ့ (အိုင်အမ်အက်ဖ်)ရဲ့ ညွှန်ကြားရေးမှူး ခရစ္စတင်းလာဂေး[/caption]ဒီဇင်ဘာ ၂ ရက်နဲ့ ၇ ရက်အကြားမှာ ဒီ ၃ နိုင်ငံကို သွားရောက်မှာ ဖြစ်တယ်လို့ အိုင်အမ်အက်ဖ်အဖွဲ့က ထုတ်ပြန်ထားပါတယ်။ မြန်မာနိုင်ငံမှာ ဒီဇင်ဘာ ၆ ရက်နဲ့ ၇ ရက်နေ့မှာ ရှိနေမှာ ဖြစ်တယ်လို့ ဆင်ဟွာ သတင်းက ရေးပါတယ်။ ခရီးစဉ်အတွင်းမှာ အစိုးရအရာရှိတွေ၊ လွှတ်တော်အမတ်တွေ၊ အမျိုးသမီး ခေါင်းဆောင်တွေ၊ ကျောင်းသားတွေ၊ ပုဂ္ဂလိကလုပ်ငန်းရှင်တွေနဲ့ အရပ်ဖက် အဖွဲ့အစည်းတွေနဲ့ တွေ့ဆုံမှာ ဖြစ်တယ်လို့ ဆိုပါတယ်။ အိုင်အမ်အက်ဖ်အကြီးအကဲတဦးအနေနဲ့ အာရှ ၃ နိုင်ငံကို ပထမဆုံး လာရောက်တာလည်း ဖြစ်ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up