Sunday, June 11, 2023
HomeLead Storyအမေရိကန် တွဲဖက်စစ်ဦးစီးချုပ်နှင့် အစ္စရေး ကာကွယ်ရေးအကြီးအကဲတို့ တွေ့ဆုံ

အမေရိကန် တွဲဖက်စစ်ဦးစီးချုပ်နှင့် အစ္စရေး ကာကွယ်ရေးအကြီးအကဲတို့ တွေ့ဆုံ

အမေရိကန် တွဲဖက်စစ်ဦးစီးအရာရှိချုပ် ဗိုလ်ချုပ်ကြီး မာ့ခ်မိုင်လေဟာ အစ္စရေး ကာကွယ်ရေး အကြီးအကဲ ဘန်နီဂန့်ဇ်နဲ့ အမေရိကန်က ပင်တဂွန်စစ်ဌာနချုပ်မှာ ဇွန် ၂၁ ရက်က တွေ့ဆုံပါတယ်။

အစ္စရေးသမ္မတ ရူဗန်ရစ်ဗ်လင်က အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်ကို ဇွန် ၂၈ ရက်မှာ အမေရိကန် သမ္မတ အိမ်ဖြူတော်မှာ လာမတွေ့ခင် ကာကွယ်ရေးအကြီးအကဲ နှစ်ယောက်ရဲ့ အပြန်အလှန် ဆွေးနွေးပွဲကို ကျင်းပခဲ့တာပါ။

ရစ်ဗ်လင်ဟာ ဇူလိုင်လမှာ သူ့ရဲ့သမ္မတသက်တမ်း ၇ နှစ် မကုန်ဆုံးခင် လာရောက် လည်ပတ်တာလည်း ဖြစ်ပါတယ်။

အစ္စရေးမှာ ဝန်ကြီးချုပ် ဘင်ဂျမင်နေတန်ယာဟု ခေတ် အဆုံးသတ်ခဲ့တဲ့ ပြီးခဲ့တဲ့လ ရွေးကောက်ပွဲမှာ အိုင်းဆက်ဟာဇော့ဟာ သမ္မတအသစ်အဖြစ် ရွေးကောက်တင်မြှောက် ခံခဲ့ရပါတယ်။

အစ္စရေးမှာ သမ္မတရဲ့ အခန်းကဏ္ဍဟာ တိုင်းရင်းသားနဲ့ ဘာသာရေး အုပ်စုတွေကြား သွေးစည်းမှု မြှင့်တင်ဖို့ ရည်မှန်းထားပါတယ်။

အရင်လက ဂါဇာကမ်းမြှောင်က ပါလက်စတိုင်း စစ်သွေးကြွတွေနဲ့ အစ္စရေးတို့ကြား တိုက်ပွဲအပြီး အစိုးရ အပြောင်းအလဲ ဖြစ်ပေါ်ခဲ့တယ်လို့ ရိုက်တာက ဖော်ပြပါတယ်။

RELATED ARTICLES
- Advertisment -
Google search engine

Most Popular