ဘဲလာရုစ်နိုင်ငံမှ အရာရှိများနှင့် ကုမ္ပဏီ ၈၆ ခုကို အီးယူက အမည်ပျက်စာရင်းသွင်း

ဥရောပသမဂ္ဂ (အီးယူ) ဟာ ဘဲလာရုစ်နိုင်ငံက အစိုးရအရာရှိတွေနဲ့ ကုမ္ပဏီတွေ စုစုပေါင်း ၈၆ ခုကို ဇွန် ၂၁ ရက်မှာ နာမည်ပျက် စာရင်းသွင်းလိုက်တယ်လို့ အီးယူရဲ့ နိုင်ငံရေခြားရေးမူဝါဒအကြီးအကဲ ဂျိုးဇက်ဘော်ရဲက ပြောပါတယ်။

“သူတို့ဆီက ပိုင်ဆိုင်မှုတွေကို ထိန်းချုပ်ပြီး ခရီးသွားလာခွင့် ပိတ်သိမ်းဖို့ ချမှတ်ဆောင်ရွက်မယ်။ ဒါပေမဲ့ ဘယ်တော့ ဒဏ်ခတ်မလဲဆိုတဲ့ ဆုံးဖြတ်ချက်ကိုတော့ ခေါင်းဆောင်တွေ ချမှတ်ဖို့ ချန်ထားမယ်” လို့ ဂျိုးဇက်ဘော်ရဲက ပြောပါတယ်။

မေ ၂၃ ရက်က မင့်ခ်စ်မြို့မှာ ရီယားနဲလ် ခရီးသည်တင်လေယာဉ်ကို အတင်းဆင်းခိုင်းခဲ့ပြီး သတင်းထောက်နဲ့ သူ့ရည်းစားကို ဖမ်းခဲ့တဲ့ကိစ္စနဲ့ပတ်သက်ပြီး သမ္မတ အလက်ဇန်းဒါးလူကာရှန်ကို ကို ဖိအားပေးဖို့ အီးယူက ကြိုးစားနေပါတယ်။

သယ်ယူပို့ဆောင်ရေးနဲ့ ကာကွယ်ရေးဝန်ကြီးတွေ အပါအဝင် အရာရှိ ၇၆ ယောက်နဲ့ အစိုးရပိုင် ကုမ္ပဏီ ၈ ခုကို ဒဏ်ခတ်မယ်လို့ သံတမန်တွေက ပြောပါတယ်။

အရေးယူဆောင်ရွက်ချက်တွေဟာ အမေရိကန်နဲ့ ဗြိတိန်လို တခြားအနောက်နိုင်ငံတွေရဲ့ အလားတူ ဒဏ်ခတ်မှုတွေနဲ့ ညှိုနှိုင်းဆောင်ရွက်တာ ဖြစ်နိုင်တယ်လို့ သံတမန်တွေက ပြောပေမဲ့ အသေးစိတ်တော့ မပြောခဲ့ပါဘူး။ 

ဘဲလာရုစ်နိုင်ငံက ရေနံ၊ ပိုတက်ရှ်နဲ့ ဘဏ်လုပ်ငန်းတွေကို စီးပွားရေးဒဏ်ခတ်ဖို့ အီးယူအဖွဲ့ဝင် နိုင်ငံတွေက ပြီးခဲ့တဲ့ သောကြာနေ့က သဘောတူခဲ့ကြတာပါ။

ဒဏ်ခတ်မှုတွေကို ဇွန် ၂၄ ရက်နေ့  ဘရပ်ဆဲလ်မြို့မှာ ကျင်းပမယ့် ဥရောပကောင်စီရဲ့ အစည်းအဝေးမှာ တင်ပြမှာဖြစ်ပြီး စီးပွားရေး ဒဏ်ခတ်မှုတွေကို နိုင်ငံခြားရေးဝန်ကြီးတွေက အတည်မပြုရသေးဘူးလို့ အီးယူ ထိပ်တန်းသံတမန် ဂျိုးဆက်ဘော်ရဲက ပြောပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up