Home
မြန်မာသတင်း
စစ်ကိုင်းတိုင်း စစ်ဘေးဒုက္ခသည်များအတွက် ဆေးဝါးများ လိုအပ်
DVB
·
June 22, 2021

စစ်ကိုင်းတိုင်းအတွင်း  အကြမ်းဖက်စစ်တပ်ရဲ့ မတရားဖမ်းဆီး နှိပ်စက်မှုတွေနဲ့ တိုက်ပွဲတွေကြောင့် ထွက်ပြေးလာတဲ့ စစ်ဘေးဒုက္ခသည်တွေအတွက် ဆေးဝါးအကူအညီ အလှူငွေလိုအပ်နေတယ်လို့ သိရပါတယ်။

စစ်ကိုင်းတိုင်းအတွင်းမှာ စစ်ဘေးဒုက္ခရောက်နေတဲ့ပြည်သူတွေနဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေကို ကျန်းမာရေးစောင့်ရှောက်မှုနဲ့ ဆေးကုသမှုပေးဖို့ Chindwin Medical Network ဖွဲ့စည်းထားပါတယ်။

Chindwin Medical Network အဖွဲ့ဝင်တစ်ဦးက “အခုက ကနီနယ်တင်မကတော့ဘူး၊ စစ်ဘေးရှောင်တွေက များလာတော့ စစ်ကိုင်းတိုင်းတစ်နယ်လုံးစာဆိုတော့ လိုအပ်ချက်တွေများလာတယ်။ ပြေးတဲ့သူက ကနီနယ်တစ်ခုတည်းမဟုတ်ဘူး ကနီနယ်မှာလည်း ပိုပြီးတော့ တိုးလာတယ်။ တစ်တိုင်းလုံးစာဆိုရင် ကျနော်တို့ဆီမှာရှိတာနဲ့ မလောက်တော့ဘူး” လို့ ပြောပါတယ်။

အများပြည်သူအနေနဲ့ လှူဒါန်းလိုပါက Childwin Medical Network ဖေ့စ်ဘွတ်ခ်စာမျက်နှာကတစ်ဆင့် ဆက်သွယ်လှူဒါန်းနိုင်တယ်လို့ ဆိုပါတယ်။

စစ်ကိုင်းတိုင်းအတွင်း အကြမ်းဖက်စစ်တပ်နဲ့ပြည်သူ့ကာကွယ်ရေးတပ်တွေ တိုက်ပွဲတွေ မကြာခဏဖြစ်ပွားနေတာကြောင့် စစ်ဘေးရှောင်တွေ ပိုများလာတာလို့ သိရပါတယ်။

Photo - ChinDwin Medical Network

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024